Menu bar

8 August 2012

Olympics experience

ဘလော့လဲ မရေးဖြစ်တာ အတော်ကြာသွားပါပြီ။ ကိုယ့်ရဲ့ ဘလော့ကလေးကို ပြစ်ထားရတာ စိတ်တော့ မကောင်းပါဘူး။ ဒါပေမယ့် ဒီရက်ပိုင်း အချိန်က လုံးဝမရနိုင်တာနဲ.ရယ်၊ အင်တာနက် သုံးရတဲ့အချိန်နဲတာတွေရယ် ကြောင့်ပါ။ ခုတော့ နားရက်ရတော့ Facebook မှာ လျှောက် စပ်စပ်စုစုလုပ်ပြီးတော့ စာလဲ နဲနဲရေးဦးမှ တွေးမိပါတယ်။ 

အိုလန်ပစ်ကလဲ စီစဉ်ထားတဲ့ အတိုင်း အခုထိတော့ အားလုံးချောချောမွေ.မွေ.ပါဘဲ။ ခုထိတော့ ဒါဏ်ရာ ကြီးကြီးမားမား မရကြတဲ့ အတွက် တော်ပါသေးတယ်လို.ပဲ ပြောရမလိုပါ။ ကျမ အနေနဲ.တော့ အခုထိ ရွှေတံဆိတ် ဆွတ်ခူးသွားတဲ့ အားကစားတွေကို tv မှာ မြင်ရတိုင်း သူတို.နဲ. အတူ လိုက်ပြီး ဝမ်းသာ မျက်ရည်ကျရပါတယ်။ ဘယ်နှစ်ခေါက်ပဲ ကြည့်ကြည့် သူတို.ငိုရင် ကိုယ်လိုက်ငိုရတာ အခုထိပါဘဲ။ 

ကျမရဲ့ အလုပ်ကတော့ ဘောလီဘော နဲ. ကမ်းခြေ ဘောလီဘောမှာ အားကစားသမားတွေကုတဲ့ ဆေးအဖွဲ.ရဲ့ ခေါင်းဆောင် အနေနဲ. လုပ်ရပါတယ်။ အလုပ်ကတော့ တခါတလေ ခေါင်းဆောင်မှုနဲ. စီစဉ်မှုတွေမှာ ခေါင်းနဲနဲ ခြောက်ရတာပါဘဲ။ 
ကျမအနေနဲ. ငယ်စဉ်ကစလို. ယဉ်ကျေးလိမ္မာမှု ရှိအောင် သင်ကြား ပျိုးထောင်တာပဲ  ခံခဲရပါတယ်။ သူများ မဟုတ်တာ လုပ်နေတာ၊ အလုပ် သိပ်မကြိုးစားတာ စတာတွေကို ရဲရဲဝံ့ဝံ့ မျက်နှာချင်းဆိုင် ပြောရမယ် ဆိုတာမျိုးက အလေ့အကျင့် သိပ်မရခဲ့ပါ။ အဲဒီတော့ အဲဒီလို ပြောရမယ့် အခါမျိုးတွေဆိုရင် ကျမကို စိတ်ဖိစီးမှုပိုစေတာပါဘဲ။

အရင်ထဲက အလုပ်ခွင်မှာ၊ အထူးသဖြင့် အလုပ် အရမ်းရှုပ်တဲ့ အရေးပေါ်ဌာနမှာ လုပ်ထဲက ဂျူနီယာ ဒေါက်တာတွေ အလုပ်လုပ်တာ နှေးနေရင် ကျမက In charged doctor အနေနဲ. မကြာခဏ ပြောရတာတွေ ရှိပါတယ်။ ပြောရတိုင်းလဲ ကျမမှာ မျက်နှာက ပူ၊ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ကိုယ်သာ အလုပ် ဆယ်ဆ ပိုလုပ်ပြစ်လိုက် ချင်တော့တယ်၊ သူများကို ပြောရမယ့် အလုပ်တော့ မလုပ်ချင်ခဲ့ပါ။ 

အခု အိုလန်ပစ်မှာလဲ အတူတူပါ။ နေ.စဉ် ကျမကို စိတ်ဖိစီးစေတာတွေက အသင်းသားတွေ ကောင်းကောင်း ပြုမူ ဆက်ဆံတာတွေ မလုပ်တဲ့ အခါမှာပါ။ ဥပမာ ကျမတို.တွေဟာ ကွင်းရဲ့ ရှေ.တဲ့တဲ့မှာ နေရတာဆိုတော့ လူအားလုံးက မြင်နိုင်ပါတယ်။ ကျမတို. အနေနဲ. ဟိုအသင်း ဒီအသင်း အားပေးတာ လက်ခုပ်တီးတာ ဓါတ်ပုံပဲ လျှောက်ရိုက်နေတာ မျိုးတွေ မလုပ်ရပါ။ profesional ကျကျ ရှေမှာထိုင်ပြီး ဒါဏ်ရာရသူရှိက အမြန် ကယ်ထုတ်နိုင်အောင်၊ အမြန်ကုသမှုတွေ လုပ်နိုင်အောင် ဆိုတာတွေ ပြင်ဆင်ထားရပါတယ်။ ကျမရဲ့ အဖွဲ.သား တချို.က ပရိသတ်က ဆူအောင်အားပေးတော့ အားတွေ အတင်းပါပါသွားပြီး သူချင်းတွေလိုက်ဆို၊ ဟေးဟေးဟားဟား လိုက်အော်ဆို၊ သူတို.ကို ကျမက လိုက်ဆွဲတာတွေ သတိပေးတာတွေကို လုပ်ရပါတယ်။ အားလုံးကိုလဲ အချိန်မှန် အားလပ်ချိန် နားချိန် ရအောင်၊ အစာစားချိန်ရရအောင်လဲ ကျမက သတိထားပြီး အချိန်စာရင်းတွေ ဆွဲပေးရပါတယ်။ တယောက်ထဲ ဆေးခန်းထဲ အကြာကြီး မထိုင်နေရအောင် အလှဲကျ ပွဲထွက်ကြည့်ရအောင်လဲ စီစဉ်ပေးရပါတယ်။ ဆေးကုရတာ ပျော်ပေမယ်၊ ဒီကပ်ပါလာတဲ အုပ်ချုပ်မှု အလုပ်တွေကတော ကျမကို ခေါင်းခြောက်စေတာ အမှန်ပါ။

ဘောလီဘောအားကစားကတော့ ကြည့်ရင်းနဲ. ကျမတောင် တော်တော် စိတ်ဝင်စားသွားပါတယ်။ ကစားသမားတွေက မိန်းမ၊ ယောက်ျား အများစုက အနဲဆုံး ၆ပေကျော်ကြပါတယ်။ ရ-ပေကျော်တဲ့သူတွေလဲ မနဲပါ။ သူတိုကြားက ကျမဖြတ်လျှောက်သွားရတော့ ကျမအရပ်က သူ.တို.ရဲ့ ခါးလောက်ပဲ ရှိမယ်လို. ထင်ရပါတယ်။ 

မှတ်မှတ်ရရ အတွေ. အကြုံလေးကတော့ သတိထားနေတဲ့ ကြားက တချက်ကလေး သတိလွှတ်သွားတုန်း ကျမ မျက်နှာကို ဘောလုံးလာမှန်တာပါဘဲ။ နှာခေါင်းရိုးကျိုးပြီး ဘီဘီစီ သတင်းထဲပါတော့ မလို.ပေါ့။ တော်ပါသေးတယ် သွပ်သွပ်သွပ်လို.ပဲ ပြောမိပါတော့တယ်။