တကယ်လို.များ စိတ်ညစ်နေရင် ဘဝမှာ အဆင်မပြေတာ၊ စိတ်ပူစရာ၊ စိတ်ဓါတ်ကျစရာများ ကြုံနေရရင် တခါတလေ ရုပ်ရှင် ကောင်းကောင်းလေးတွေ ကြည့်လိုက် အလွန် နေလို.ကောင်းသွား စိတ်ညစ်တာတွေ ပြေသွားတတ်ပါတယ်။ ကျမရဲ့ ကိုယ်တွေ.ပါ။ ကျမရုပ်ရှင် အလွန် ကြိုက်ပါတယ်။ ဒါပေမယ် ဝမ်းနည်းစရာ စိတ်ညစ်စရာ ရုပ်ရှင်မျိုးတော့ ဘယ်တော့မှ မကြည့်ပါ။ ကျမက အလွန်စိတ်ပျော့ပြီး ရုပ်ရှင် ပြီးလဲ မပြီးနိုင် ဆက် စိတ်ဆင်းရဲ ငိုပြဲနေတတ်လို.ပါ။
အားကစား အခြေခံရိုက်ထားတဲ့ ရုပ်ရှင်ပေါင်း မြောက်များစွာထဲကမှ ကျမ အလွန် ကြိုက်တဲ့ ကားလေးတွေတချို.ကို ပြန်ရှယ်ပေးချင်တာပါ။ မကြည့်ရသေးရင် ရှာပြီး ကြည့်ကြည့်ပါလို. တိုက်တွန်းပါတယ်။
ပထမဆုံးကားကတော့ Invictus ပါ။ Nelson Mandela အကြောင်း အားလုံး ကြားဖူးကြမယ် ထင်ပါတယ်။ တောင်အာဖရိကမှာ လူဖြူလူမဲ အလွန်ခွဲခြားရာကနေ လူမဲတွေ ပထမဆုံး မဲပေးခွင့်ရတော့ Mandela သမ္မတဖြစ်လာပါတယ်။ လူမဲတယောက် သမ္မတ ဖြစ်လာပေမယ့် လူဖြူလူမဲကြားက တိုက်ပွဲဟာ မရပ်စဲသွားတဲအပြင် အချင်းချင်း မတဲ့တာ၊ လုကြ၊ သတ်ကြ ဖြတ်ကြ တာတွေဟာ ပိုတောင် ဆိုးလာပါသေးတယ်။ အဲဒီအချိန်မှာ တောင်အာဖရိကနိုင်ငံမှာ Rugby World Cup ကို ကျင်းပဖို. ရှိပါတယ်။ တောင်အာဖရိက နိုင်ငံကိုယ်စားပြု Rugby team (Springboks) ဆိုတာ အရင်က လူဖြူတွေပဲ ကစားခွင့် ဝင်ခွင့်ရတဲ့ အသင်းပါ။ မန်ဒဲလားက ဒီအားကစား အသင်းကြီးကို အခြေခံပြီး လူဖြူလူမဲကြားက အငြှိုးအတေးတွေ ပြေအောင်၊ အသင်းရဲ့ အောင်မြင်မှုနဲ. အတူ လူမျိုးစည်းလုံးမှုရအောင် ဆောင်ရွက်တာကို ပြတဲ့ ကားပါ။ အလွန်စိတ်ဝင်စားဖို.ကောင်းသလို ကြည့်လို.လဲ ကောင်းပါတယ်။ မန်ဒဲလား အနေနဲ. သရုပ်ဆောင်တာက Morgan Freeman ပါ။ ကျမ အလွန်ကြိုက်တဲ့ မင်းသားတယောက်လဲ ဖြစ်ပါတယ်။ သူပြောတဲ့ မန်ဒဲလားပြောခဲ့တဲ့ မိန်.ခွန်း စကားတွေဟာလဲ တကယ့်ကို ရင်ပတ်ကို အတော်တော် များများ လာထိစေပါတယ်။ Rugby Captain “Francois” အနေနဲ သရုပ်ဆောင်တာကလဲ Matt Damon ပါ။ မကြည့်ဖူးရင် ကြည့်ဖြစ်အောင်ကို ကြည့်သင့်ပါတယ်။