Menu bar

10 August 2012

မြန်မာ့ အားကစား ကမ္ဘာလွှမ်းဖို.

ပထမ မြန်မာ အားကစား သမားတွေ အိုလန်ပစ်လာပြိုင်မယ် ဆိုတာ သိရတုန်းကတော့ ဝမ်းသာအံ့သြ မိပါတယ်။  အခု ဘာဆုမှ မရပြန်တော့ အတော် အားမလို အားမရ ဖြစ်ရပြန်ပါတယ်။ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက ဆုတံဆိပ်တွေ အများကြီးနဲ.၊ တရုတ်ဆို ရွှေဆုတံဆိပ် အများဆုံး နံပါတ် ၁မှာ၊ ကိုရီးယား ဂျပန်တို.တိုတောင် တကမ္ဘာလုံးရဲ နံပါတ် ၁၀ အတွင်းလောက် ချိတ်နေတော့ ကိုယ့်နိုင်ငံကိုယ် ပိုအားမရ ဖြစ်ရပြန်ပါရော။ ငယ်က အငတ်တိုင်းပြည်ပါလို. ပြောစမှတ်ပြုတဲ့ အီသီရိုးပီးယားတောင်မှ ရွှေ ၂ခု ကြေး ၂ခု။

ဒါပေမယ့်လဲ ပြန်စဉ်းစားကြည့်တော့ ကိုယ့်နိုင်ငံက အားကစားအတွက် ထောက်ပံ့မှုနဲ. ငွေကြေးဆိုတာတွေ သိပ်မှမရှိတာနော။ အားကစားမှာ ဘယ်လိုပဲ "talent" ရှိရှိ၊ ဖြစ်နိုင်ခြေရှိပေမယ့် သူထူချွန်ရာကို တစိုက်မှတ်မှတ် မနေမနား၊ တခြားကိစ္စတွေ မပူရပဲ လေ့ကျင့်နိုင်မယ့် အခွင့်အရေးမျိုးမှ မရှိဘဲကိုး။ သူများ နိုင်ငံတွေမှာဆို အားကစား ထူချွန်ရင် အားကစား စကောလာနဲ. ကျောင်းကောင်းကောင်းတက်၊ လခ ကောင်းကောင်းရသကိုး။ 

ဒီရက်ပိုင်း မြန်မာက သူငယ်ချင်းတယောက် ပြောပြလို. မြန်မာ အားကစား ဘောလုံးသမားတွေ ပြိုင်ပွဲမဝင်ခင် မိုရီယာမင်းအားဆေးထိုးကြတာမျိုး၊ အကိုက်အခဲ ပြောက်ဆေးမျိုးတွေ တာရှည်ဆွဲစားတာမျိုးတွေ၊ ဒီလိုမျိုး ကောင်းရာနှိုးနှိုး ထင်ရာမြင်ရာ ကုနေရတာလေးတွေလဲ ကြားမိပါတယ်။ ဒါပေမယ့် ကျမစိတ်ပူမိတာက ဆေးတွေက သေသေချာချာ မစီစစ်ရင် ဂရုမစိုက်ရင်တော့ တချို.ဆေးတွေဟာ (ဥပမာ သွင်းတဲ့ အားဆေးထဲက) တချို.ဓါတ်တွေဟာ တားမြစ်ဆေးနဲ. ညိပြီး (Doping နဲ.) အပိတ်ခံရနိုင်ပါတယ်။ 


ဒီက အားကစားသမားတွေလိုတော့ အာဟာရ (nurtional program)၊ Physiotherapist  ၊ စိတ်ပိုင်းဆိုင်ရာ psychology counselling တွေ ........ မြောက်များစွာသော အားကစားသမားတွေအတွက် ကုထုံးတွေတော့ မြန်မာမှာ ရှိသေးမယ်မထင်ပါ။

အဲဒီတော့လဲ မရှိရှိတာလေးတွေနဲ. ကြံဖန်ပြီး အခုထိ ခရီးရောက်အောင်သွားနိုင်တဲ့ တို. ဗမာတွေ အတွက် ဒီလိုပဲ ကြံဖန်ပြီးပဲ ဂုဏ်ယူလိုက်ပါတော့တယ်။