ဒီနေ. အိုလန်ပစ်ပြီးတော့ ပုံမှန် ဆေးရုံ အလုပ်ပြန်စရပါတယ်။ သြဂုတ်လဆိုတော့ ဆေးရုံဆောင်ထဲမှာ ဆရာဝန် အသစ်ကလေးတွေနဲ. ပြည့်နေတာပါဘဲ။ မျက်နှာသစ် အလုပ်သင် ဆရာဝန် (Foundation doctors) လေးတွေ မြန်မာပြည်က လက်ထောက်ဆရာဝန်အဆင့် (Core trainees) လေးတွေနဲ. ကျမ ကိုယ် ကျမ မိတ်ဆက်ပြီးတော့ သူတို.ရဲ့ ပညာရေးတွေ အကြောင်း မေးမိပါတယ်။ သူတိုထဲက MRCP စာမေးပွဲ ဖြေရမယ့်သူက ၃ ယောက်ရှိတော့ တပတ်ကို ၂-ရက် သူတို. စာမေးပွဲ (MRCP PACES) အတွက် စာသင်ပေးမယ်ပေါ့၊ အလုပ်သင် ဆရာဝန်လေးတွေကိုလဲ တပတ်တရက် စာသင်ဖို. အစီအစဉ်တွေ ဆွဲပြီး ဘော့စ်နဲ.ပြောတော့ သူက ဝမ်းသာအားရ ထောက်ခံပေးပါတယ်။ ဒီမှာ အားလုံးက စာသင်တာ စာဆက်ဖက်တာ အလွန်အားပေးတော့ အားတက်သရောပေါ့။
သူငယ်ချင်းတယောက် Facebook မှာ မြန်မာပြည်က အလုပ်သင်ဆရာဝန်တွေဘဝမှာ အရေမရ အဖတ်မရ အလုပ်တွေပဲ အခိုင်းခံနေရလို. အားမလို အားမရ ညည်းထားတာတွေ.မိပါတယ်။ ကျမ အလုပ်သင် ဆရာဝန် ဘဝတုန်းကရော ... စာတွေ ဆက်သင်တာ၊ စိတ်ဝင်စားစရာ လူနာအကြောင်းတွေ ဆွေးနွေးကြတာ အလွန် အခွင့်အလန်း နဲပါးခဲ့ပါတယ်။ အမှန်ဝန်ခံရရင်တော့ အဲဒီတုန်းက အကြောင်းတွေ ကျမ သိပ်မမှတ်မိတော့ပါ။ ဒါကြောင့် ဒီမှာပဲ ချန်လှပ်ထားလိုက်ပါတော့မယ်။
ဒီနိုင်ငံမှာတော့ Teaching, Training ဆိုတာတွေကို အလွန် အရေးတယူ လုပ်ကြပါတယ်။ ဆရာဝန်ငယ်တွေ စာသင်ချိန်သွားရင် (protected teaching) ဆိုပြီးတော့ ဆေးရုံအလုပ်တွေနဲ. စာသင်သွားတဲ့ ဆရာဝန်ကို မနှောက်ယှက်ရပါ။ ဒါတောင် ဒီမှာ တချို.သော ဆရာဝန် အငယ်တွေက Training procedures တွေ ပေးမလုပ်ရင် training ကောင်းကောင်း မရဘူး။ သူတို.ကို ကြီးကြပ်တာ supervision လုပ်တာ များရင် ဆုံးဖြတ်ချက်တွေ ကိုယ်တိုင်ချဖို. အခွင့်အရေးသိပ်မရှိတော့ Training မကောင်းဘူး ဆိုပြီး Complaint တက်ကြပါတယ်။
ကဲဒီတော့ သူတို.ဘာသာ လုပ်ပါစေ၊ လူနာတွေကြည့်၊ Sick ဖြစ်တဲ့ လူနာတွေနဲ. အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ သူတို.ဘာသာချပြီး၊ ကိုယ့်ကိုယ် ယုံကြည်မှုတက်ပါစေဆို လွှတ်ထားပြန်လဲ သူတို. မလုပ်သင့်တဲ့ အလုပ်တွေ မချသင့်တဲ့ ဆုံးဖြတ်ချက်တွေ အတင်းချခိုင်းတဲ့ အတွက် သူတို. အလွန် စိတ်ဖိစီးများရပါတယ် ဆိုပြီး Complaint တက်ကြပြန်ပါရော။
ကျမတော့ တွေးမိပါတယ်၊ လူတွေ လူတွေ ဘယ်လောက်ပဲ လုပ်ပေးပေး၊ လူ.အလို နတ်မလိုက်နိုင်ပါလားရယ်လို.။
ကျမကတော့ ဘယ်အရာကို မဆို ကိုယ်ကစ ပြုပြင်ဖို. ဆိုတာကို အလွန် ယုံကြည်ပါတယ်။ ဥပမာ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်း (Man in the mirror) ထဲကလို မှန်ကြည့်ပြီး မှန်ထဲကလူကိုဘဲ ပိုကောင်းတဲ့ လူတယောက်ဖြစ်အောင် အရင်ပြင်ကြည့်ပါဦးမယ်လို. (မိတ်ကပ်ပြောတာ ဟုတ်ဖူးနော် ဟိ)
ဆေးရုံမှာ စာသင်မယ့်သူမရှိရင် ကိုယ်ကစ သင်ပေးတယ်။ သူများ တကယ်တော့ ဘာမှမလုပ် ညည်းညူ compalint တထောင်ပဲ ထိုင်တက်နေတုန်း ကိုယ်က ရတဲ့ အခွင့်အလန်း မှန်သမျှ အသုံးချပြီး ပိုတော်တဲ သူတယောက် ဖြစ်အောင် ကြိုးစားမယ်။ ဒီမှာ တချို.မြန်မာတွေက မြန်မာဆို ဝေးဝေးရှောင်ဆိုပြီး မစည်းလုံးကြတဲ့ သတင်းတွေ စိတ်ပျက်မိတော့၊ ကိုယ်ကစ မြန်မာအချင်းချင်း ကူညီနိုင်တာ ကူညီခဲ့ပါတယ်။ တချို.ဆိုရင် မြန်မာအသိဆို လာမိတ်ဆက်မပေးပါနဲ. သူ.ကို မြန်မာလို လာမပြောပါနဲ. ဆိုတာတွေတောင် ရှိပါသေးတယ် (ယုံသည်ရှိ မယုံသည်ရှိ)။ အဲဒီလို သူများလုပ်တာ ကိုယ်မကြိုက်တော့ ကိုယ်ကလဲ မပြုမိအောင် ကျမ ကြိုးစားပြီးတော့ နေထိုင်ပါတယ်။
ဘယ်သူမှတော့ Perfect မဖြစ်ပါ၊ ဖြစ်ရန်လဲမလိုပါ။ လူတိုင်းသာ ကိုယ် တတ်နိုင်သလောက်လေး ပိုကောင်းအောင် ကျင့်ကြံကြမယ်ဆိုရင် ပေါ့ .......။
PS: ဒီရက်ပိုင်း အလုပ်တွေရှုပ် ဦးဏှောက်တွေ ခြောက်နေပါသည်။ တွေးသမျှ သိပ်မကြည်လင်ပါ။ သို.ပါ၍ ဆိုမိသမျှ အမှားတွေ ရှိက မသိနားမလည်သူလေးကို ခွင့်လွှတ်ပေးကြပါလို. ။