Menu bar

27 August 2012

ဘဝရဲ. အခက်အခဲတွေ

ပြေးခုန်ပြစ် ပြိုင်ပွဲတခုမှာ သူငယ်ချင်းတွေနဲ. စကားစပ်ပြောမိတော့ လတ်တလော အိုလန်ပစ်ရဲ့ တာတို ပြေးပွဲမှာ ဆုတံဆိပ်တွေ အများကြီး ယူပြန်သွားတဲ့ ဂျမေးကားနိုင်ငံ အကြောင်းပြောမိပါတယ်။ ဂျမေးကားက BOLT ကလဲ အခုလောလောဆယ်မှာ ကမ္ဘာ့ အမြန်ဆုံးလူ တယောက် မဟုတ်လား။ 

ဘာကြောင့် ဂျမေးကန်းတွေ ဒီလို အောင်မြင်ရသလဲ သုံးသပ်မယ်ဆိုရင်၊ ဂျမေးကားနိုင်ငံ ဆိုတာ အရမ်းချမ်းသာတဲ့ နိုင်ငံ မဟုတ်ပါ။ အားကစား ဘက်မှာ ပိုက်ဆံတွေ အများကြီး ထဲ့သုံးနိုင်တဲ့ နိုင်ငံ မဟုတ်ပါ။ နောက်ဆုံးပေါ် နည်းပညာ၊ သုတေသနတွေကြောင့်၊ ဆေးကုထုံးနဲ. ကျန်းမာရေး ကုထုံးတွေကြောင့် လို.လဲ ပြောလို.မရပါ။ တရုတ်နိုင်ငံလို နိုင်ငံကြီး လူဦးရေများလွန်းတဲ့ နိုင်ငံကြောင့် ဆိုတာလဲ မဟုတ်ပြန်။

အဲဒီတော့ စိတ်ဝင်စား စရာ မိုက်ကယ် ဂျွန်ဆန်ရဲ့ BBC Documentary ထဲမှာ ပြောထားတာကို သူငယ်ချင်းက ပြန်ပြောပြပါတယ်။ 

ဂျမေးကန်းတွေဆိုတာ ဟိုးအရင်က အာဖရိကကနေ ကျွန်အဖြစ်နဲ. ခေါ်လာတဲ့သူတွေတဲ့။ ခေါ်လာတုန်းက ကျွန်တွေကို သဘောင်္ကြီးတွေနဲ. အများကြီး ခရီးကြမ်းကိုဖြတ် သယ်ခေါ်လာတော့ ပျော့ညံ့တဲ့သူတွေ မကျန်းမာသူတွေက လမ်းခရီးမှာထဲက သေကုန်ရောတဲ့။ လိုရာ ခရီးရောက်တော့လဲ ဘဝခရီးကြမ်းမှာ တချို.က မရှင်သန်နိုင်ကြ။ ကျွန်ပိုင်ရှင်များကလဲ စိတ်ပိုင်း လူပိုင်း ပျော့ညံ့သူတွေကို ခိုင်းမရတာနဲ. သတ်ပြစ်တာတွေလဲ ရှိခဲ့တာပေါ့။ ကျန်းမာသူ တကယ် စိတ်ဓါတ် ခိုင်မာသူနဲ. အရှုံးမပေးတတ်သူများသာ ရှင်သန်နိုင်ပါလိမ့်မယ်။ အဲဒီလူတွေထဲကမှ သူတို. အပျော်တန်း အပြေးပြိုင်ခိုင်းတာနဲ. ရှုံးရင် သတ်ပြစ်တာတွေလဲ ရှိသတဲ့။ နောက်ဆုံး တကယ့် အကောင်းဆုံး အသန်မာဆုံး ဆိုတဲ့ သူတွေသာ ကျန်တော့ သတဲ့။ 


တခြားပြောတဲ့ မျိုးရိုး (Gene Pool) ဆိုတာတွေလဲ ပါတော့ ပါတာပေါ့။ သူတို.ရဲ့  ကြွက်သား တည်ဆောက်ပုံ ဆိုတာတွေလဲ ရှိတာပေါ့။ ကြွက်သားတွေမှာ အမြန်အလုပ်လုပ်တဲ့ (Speed)ကို ပေးတဲ့ ကြွက်သားမျှင်နဲ. တာရှည်အလုပ်လုပ်နိုင်တဲ့ (Endurance) ခံတဲ့ ကြွက်သားဆိုပြီး နှစ်မျိုးရှိပါတယ်။ လူမဲ အများစုမှာတော့ Speed ကိုပေးတဲ့ ကြွက်သား အများစုနဲ. ဖွဲ.စည်းထားတယ်လို.တော့ သုသေသနမှာ ဆိုထားပါတယ်။ 

ဂျမေးကန်းတွေ အကြောင်းကြားပြီး တွေးမိတာကတော့ ဘဝမှာ လူတိုင်း အခက်အခဲတွေ အနဲနဲ. အများဆိုသလို ကြုံရမှာပါ။ ဘဝကို အလွယ် အရှုံးပေးတတ်သူတွေကတော့ လမ်းခရီးမှာပဲ တိုက်ပွဲမဝင်ခင် ကျဆုံးသွားနိုင်ပါတယ်။ အနိုင်မခံ အရှုံးမပေး စိတ်ရှိသူတွေ၊ သူများထက် ပိုကြိုးစားသူတွေ ကတော့ တွေ.သမျှ အခက်အခဲ တွေကို ကြိုးစား ကျော်ဖြတ်ရင်းနဲ. ဒီအခက်အခဲ ဆိုတာတွေကပဲ သူတို.ကို အကောင်းဆုံး အသန်အမာဆုံး လူသားတွေ ဖြစ်လာအောင် ပြုပြင်ပေးလာမှာပါ။ ဒါကြောင့် အခက်အခဲ နဲ. ကြုံတိုင်း စိတ်ညစ်မိတိုင်း ဒါဟာ ငါ့ကို စိတ်ဓါတ်ပို ခိုင်မအောင် လုပ်ပေးတာပဲ တွေးပြီး ပိုလို.သာ ကြိုးစားဖြစ်မယ်ဆိုရင် ....။

ဘာရယ်မဟုတ် တွေးမိတာလေးတွေရယ်ပါ။ အားလုံးပဲ ဘဝ ခရီးမှာ အဆင်ပြေကြပါစေ။