ကျမ အပါအဝင် ဒီလောကမှာ လူအများစုဟာ ဘဝမှာ ကိုယ်ပိုင်ဆိုင်တာတွေကို အလကားရထားတယ်ဆိုတော့ တန်ဖိုးမထားတတ်ကြ။ ဥပမာ စကားပုံထဲကအတိုင်း “ကျန်းမာရေးရဲ့ တန်ဖိုး မကျန်းမာခါမှသိ” ဆိုသလို။
ဒီတပတ် ပါရာ-အိုလန်ပစ် (သို.မဟုတ်) မသန်စွမ်းသူများ ကစားတဲ့ အိုလန်ပစ်မှာ တာဝန်ကျပါတယ်။ ကျမ တာဝန်ကျတဲ့ နေရာက လောလောဆယ် ဂျူဒိုမှာပါ။ မျက်စိမမြင်သူတွေ ကစားကြတာဖြစ်ပါတယ်။
သူတိုကစားဝင်းထဲဝင်လာပြီ ဆိုထဲက။ ကျမမှာ သူတို.အတွက် ဂုဏ်ယူမိသလို မျက်စိမမြင်ပေမယ့် သူများတွေလို လောကကို အရှုံးမပေး ထူချွန်အောင်လုပ်နိုင်သူများ ဆိုပြီး အားလဲကျ မျက်ရည်လဲ ကျမိပါတယ်။ ခြေကျင်းဝတ် အရိုးကျိုးတာတောင် (Fracture fibula) ပွဲပြီးအောင် အနိုင်မခံ ဆက်ကစားသူ၊ လည်ပင်းညစ်ထားတာတောင် သတိမေ့လဲသွားသည်အထိ တောင့်ခံတဲ့သူတွေ၊ လက်မောင်းရိုး အဆစ်လွဲသွားတာကို (Shoulder dislocation) ကိုယ့်ဘာသာကိုယ် ပြန်ထဲ့ပြီး ပွဲပြီးသည် အထိ ဆက်ကစားကြတဲ့ သူတို.တွေ။
နောက်အာကစားဆောင်ထဲက တခြားကစားနည်းတွေကို လျှောက်ကြည့်တော့လဲ ခြေလက်မစုံလင်သူတွေ၊ စုံလင်ပေမယ့် ရောဂါကြောင့် သုံးမရတာတွေ၊ အသိ ဥာဏ်မပြည့်မှီဘဲ မွေးဖွားလာတဲ့ သူတို.တွေ အားကစားနည်း မျိုးစုံမှာ သူတို.နိုင်ငံကို ကိုယ်စားပြုပြီး လာယှဉ်ပြိုင်နေကြတာတွေကို ကြည့်ပြီး ကိုယ့်ဘဝကိုယ် ပြန်သုံးသပ်စရာပါ။ ကျမကိုတော့ သူတို.ကနေ ဘဝ ဥပမာများ ပေးနေ သလိုပါဘဲ။
ခြေလက် စုံလင်စွာ မိခင်ဝမ်းထဲက ထွက်လာထဲက မိဘနှစ်ပါးရဲ. အချစ်တွေနဲ. တည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်မှာ၊ မိဘနှစ်ပါးရဲ့ လုံခြုံ ပြည့်စုံလှတဲ့ ပြုစုစောင့်ရှောက်မှုတွေရဲ့ အောက်မှာ ကျမ ကြီးပြင်းလာခဲ့ ရပါတယ်။ ဒါတောင် တခါတလေ ဘဝမှာ နဲနဲပါးပါးလောက် အခက်တွေ.ရင်တောင် ကျမမှာ “ငါ့ကျမှ ဘာလို. ဒါတွေဖြစ်ရတာလဲ” ဆိုပြီး ညည်းညူပြီး ဘဝကို အပြစ်တင် တတ်ပါသေးတယ်။ “ငါ့အတွက် ငါသာလျှင်” ဆိုပြီး တွေးမိခဲ့ပြီး အဆင်မပြေတာ နဲနဲကို (Self Pity တွေနဲ.) ငါ့ကျမှ ဖြစ်ရလေခြင်းဆိုပြီး Complaint များစွာ တက်ခဲ့ ဖူးပါတယ်။
အခုတော့ ကျမသိပါပြီ။ ဒီလို ခြေလက်မစုံမလင်၊ ဘဝ အလင်းရောင်ဆိုတာ ဘာမှန်း မသိ၊ အသိဥာဏ် မမှီတဲ့ လူတွေကတောင် မညည်းမညူ လောကကြီးကို အပြစ်မြင်မနေဘဲဘဝမှာ ဒီလောက် အောင်မြင်မှုရအောင်၊ ကျိုးစားနိုင်ရင်။ ကျမတို.လို ခြေလက်အစုံအလင်ရှိတဲ့ လူတွေကနေ လောကကြီး မတရားဘူး ဆိုတာတွေ ထိုင်ညည်းနေမယ် အစား ဘဝ အောင်မြင်မှု တွေ ပိုလို. ဆွတ်ခူးနိုင်အောင် အခုထက် ဆထက်တိုးလို. ကျိုးစားရပါဦးမယ်လို. ....။