အလုပ်တွေ များလို. ဘလော့ဂ်မရေးဖြစ်တာ ကြာသွားပြန်ပေါ့။ အိုလန်ပစ်လဲ တပတ်ပဲ လိုတော့တာမို. နောက်ဆုံး အချောသပ် လေ့ကျင့်တာတွေ ဆွေးနွေးပွဲတွေလဲ ပြီးပေါ့။ တကယ့် ဂိမ်းပဲ ချောချောမောမော ပြီးပါစေလို. ဆုတောင်း ရပါတော့မယ်။
အလုပ်တွေများတယ် ဆိုတာထက် ဒီရက်ပိုင်း ခရီးတွေ အလွန်များနေတယ်လို.လဲ ပြောလို.ရပါတယ်။ ရထား ခဏ ခဏ စီးရတော့ iPad လေးနဲ. အပြင်းပြေ ဝတ္တု စဖတ်ဖြစ်ရာကနေ အခု ဝတ္ထုစွဲနေတာနဲ. ဘလော့ဂ် မရေးဖြစ်တာလို.လဲ ပြောလို.ရပါတယ်။ ဖတ်ဖြစ်တာကတော့ Stieg Larsson ရေးတဲ့ “millenium trilogy” ပါ။ Daniel Craig နဲ. The girl with the dragon tatoo ကို ရုပ်ရှင်တောင် ပြန်ရိုက်ထားပါသေးတယ်။ ဝတ္ထုက ရုပ်ရှင်ထက် အဆပေါင်းများစွာ ပိုကောင်းတယ်လို. ပြောလို.ရပါတယ်။ Harry Potter တုန်းကလို ရုပ်ရှင်ဘယ်လောက် ကောင်းတယ် ဆိုဆို စာအုပ်ကိုတော့ လုံးဝမမှီပါ။ အခုတော့ Stieg Larsson ၃အုပ်လုံး မရပ်မနား ဖတ်ပြီးသွားတော့ အားမရနိုင်သေးတာနဲ. အခု Dan Brown ရဲ့ မဖတ်ရသေးတဲ့ စာအုပ်တွေ (အခုလောလောဆယ်တော့ Digital Fortress) နဲ. Robert Patterson ရဲ. "Alex Cross" Series ဆက်ဖတ်ဖြစ်နေပါတယ်။ စာအုပ်ဖတ်ချင်တယ် ဆိုရင်တော့ တကယ် ဖတ်လို.ကောင်းတဲ့ (Thriller/Detective) စာအုပ်တွေပါ။