Menu bar

27 September 2012

Medical Novels?

ဒီနေ. ရေဒီယိုမှာ ကြားလိုက်ရတယ် J K Rowling (Harry Potter ရေးတဲ့ စာရေး ဆရာမ) တော့ နောက်ထပ် စာအုပ်တအုပ် ထုတ်ပြီဆိုပဲ။ ဒီတခါတော့ လူကြီး ဖတ်ဖို. (adult theme) ရည်ရွယ်ရေးပါတယ်တဲ့။ ရှာတော့ ဖတ်ဦးမယ်လို.တော့ အခု အားခဲထားပါတယ်။

ဒါနဲ. အခုရက်ပိုင်း Dan Brown ရဲ့ စာအုပ်တွေ ပြန်ဖတ်ပြီး ငယ်က အလွန် စွဲလန်းစွာ တအုပ်မကျန် ဖတ်ခဲ့ဘူးတဲ့ မင်းသိန္ခရဲ့ စာအုပ်တွေကိုလဲ ပြန်သတိရမိပါတယ်။ Free Mason အသင်းကြီး၊ လျှို.ဝှက်အက္ခရာ သင်္ကေတတွေ၊ ပရော်ဖက်ဆာ ဆိတ်ဖွားရဲ့ ပြီးတော့လဲ ပြီးတာပါဘဲ ဆိုတာတွေ၊ ကိုမိုးသီးနဲ. သေတ္တာတိုရဲ့ စကားပုံဝှက်တာတွေ၊ ငယ်စဉ် ဒါတွေဖတ်တုန်းကတော့ တွေးစရာ စိတ်ကူးယဉ်ကြည့်စရာတွေမှ အများကြီးရယ်ပါ။

အခု Dan Brown ကို ဖတ်မိတော့လဲ တွေးစရာ အများကြီးကို ဖြစ်ပေါ်စေခဲ့ ပါတယ်။ Jesus ဘုရားသခင်၊ Pope ရဟန်းမင်းကြီး၊ George Washinton တို.ပါမကျန် ရည်ညွှန်းရေးထားတာတော့ တကယ်များလား၊ စာရေးဆရာရဲ့ စိတ်ကူယဉ်တွေပဲလားဆိုတာတောင် ခွဲမရဖြစ်ခဲ့ရပါသေးတယ်။ ဒီစာရေးဆရာ ဘယ်လောက်စာဖတ်ပြီး ဘယ်လောက်တောင် ဗဟုသုတ ကြွယ်ဝတယ်ဆိုတာ သူ.စာတွေ ဖတ်တာနဲ.ကို သိသာလွန်းပါတယ်။ နောက်ဆုံးဖတ်ဖြစ်ခဲ့တဲ့ သူ.ရဲ့ The Lost symbol ထဲမှာတော့ စိတ်ရဲ့ ခွန်အား စွမ်းအား ဆိုတာတွေ ရေးထားတာ တကယ်ကို တွေးကြည့် စိတ်ကူယဉ်ကြည့်စရာ တွေခြည်းပါပဲ။

ငယ်စဉ်က ဂျူးစာအုပ်၊ ဆောင်းပါးတွေ ရှားရှားပါးပါး ဖတ်ပြီးတိုင်း သြ ဒီဆရာမ တော်လိုက်တာ အမြဲ ချီးမွမ်းမိတာလဲ မှတ်မိတာပါဘဲ။



အခုရက်ပိုင်းတော့ အားရင်အားသလို John Grisham ရဲ့ တရားရုံးနဲ. ဆိုင်တဲ့ Legal Thriller တွေ ဖတ်ဖြစ်ပါတယ်။ John Grisham က သူကိုယ်တိုင်က ရှေ.နေ ဆိုတော့ သူ.ရဲ့ စာအုပ်တွေ စိတ်ဝင်စားစရာ ကောင်းတာ အဆန်းတော့ သိပ်မဟုတ်ပါ။ ဒီတော့ တွေးမိတာ၊ ဆရာဝန်ထဲက စာရေးကောင်းတဲ့ ဆရာဝန်တွေကနေ ဆေးနဲ.ပက်သက်တဲ့ ဝတ္ထုကောင်းကောင်းတွေ ရေးနိုင်ရင် အရမ်းကောင်းမှာဘဲလို.။ ရေးစရာအကြောင်းတွေလဲ အလွန်များမှာပါ။ TV မှာပြတဲ့ medical ဇတ်လမ်းတွေထက် (House, Gray anatomy, ER, Scrub, Royal pain ...) ပိုပြီး ယုတ္တိရှိလောက်တဲ့ ဝတ္ထုမျိုးလောက်ပေါ့နော။ သူငယ်ချင်း အသိတယောက်ကတော့ ညွှန်းထားပါတယ်။ Tess Gerritsen ရဲ. The Surgeon လို.ခေါ်တဲ့ စာအုပ်ကတော့ Forensics Meicine နဲ. ဆိုင်ပြီး စိတ်ဝင်စားဆရာ ကောင်းတယ်ဆိုပဲ။ ရှာပြီး ဖတ်ကြည့်ရပါဦးမယ်။

အင်း ကျမကိုယ်တိုင်ကတော့ စာလဲ ကောင်းကောင်း မရေးတတ်၊ စာဖတ်လဲ မနာ၊ ဗဟုသုတလဲ မကြွယ်ဝတော့ .... ဟင်း ..... သက်ပြင်းရှည်ကြီး ကို မှုတ်ထုတ်လိုက်ပါပြီ။