အခု ဘာရေးရမလဲ စဉ်းစားတော့ တလောက ထွက်ခဲ့တဲ့ အီတလီ အကြောင်းရေးရမလား တွေးမိပါတယ်။
ခရီးသွားဖြစ်တာက ဘာမင်ဂန် အမျိုးသမီး ဘောလုံး အသင်းနဲ. သူတို.ရဲ့ ဥရောပ ချန်ပီယန်ပွဲ ကန်ဖို.ဆရာဝန် အနေနဲ. လိုက်သွားတာပါ။ အဲ မြန်မာက သူငယ်ချင်းများ ကြားရင်တော့ Birmingham City Football club - ဘာကြီးတုန်း၊ ကြားတောင်ကြားဖူးဘူးလို. ပြောကြမလားဘဲ။
ဒီနိုင်ငံမှာ ဘောလုံးက League တွေ အဆင့်ဆင့် ရှိပါတယ်။ League 1, 2, Champion league, Premier League, European FA စတာတွေပေါ့။ ကျမလုပ်တဲ့ Birmingham City FC ဆိုတာကတော့ အရင်က Premier League အသင်း ပေါ့။ ကစားတာ ညံ့ပြီး League ရဲ့ Bottom အောက်ဆုံးရောက်တော့ Premier League ကနေ အခု Champion League မှာ ကစားနေပါတယ်။ ကျမက ဘာမင်ဂန်မှာ နေတာဆိုတာ့ အလုပ်ကလဲ ဘာမင်ဂန်ဘောလုံး အသင်း မှာဘဲပေါ့နော်။ အရင်ကတော့ အာဆန်နယ် အမျိုးသမီး ဘောလုံးပွဲအတွက် ဆရာဝန် လုပ်ဖြစ်ပါသေးတယ်။ ကျမနေတဲ့ နေရာနဲ. အရမ်းဝေးတော့ ခရီးသွားရတာ အဆင်မပြေတာနဲ. အခု ဆက်မလုပ်ဖြစ်တော့ပါဘူး။
ဘာမင်ဂန် အမျိုးသမီး အသင်းကတော့ အခု အင်္ဂလန်ရဲ့ အတော်ဆုံး ဒုတိယ အသင်းဆိုတော့ ဥရောပမှာပါ ဝင်ကစားနေရတာပေါ့။ ဒီဘောလုံးသမားတွေနဲ. ထွက်ရတဲ့ ခရီးကတော့ ပျော်စရာကြီးပါ။ အားလုံးက အလွန် ပြောင်ပြောင်နောက်နောက်နဲ. ခရီးတခုလုံး လေယာဉ်ပေါ်မှာပါ ဆူညံလို.ကို နေပါတယ်။
အင်္ဂလန်မှာထဲက သွားရတဲ့ Coach/Bus ကားကြီးက အထဲမှာ အိမ်သာ၊ Microwave, စားပွဲ အားလုံး အရမ်းကို သက်တောင့်သက်သာ နိုင်ပါတယ်။ အီတလီ Verona ကို ရောက်ပြီဆိုတော့လဲ လာကြိုတဲ့ လူနဲ. ဘတ်စ်ကား ကြီးက အဆင်သင့်။ ရောက်ရောက်ခြင်း ဘောလုံးကွင်းကို အရင်ဆုံးသွားပြီး အစမ်း လေ့ကျင့်တာတွေ လုပ်ပါတယ်။ ဘောလုံးကွင်းကို မြင်တော့ အရမ်းကြီးပြီး ခမ်းနားလွန်းတော့ ဒီမှာ MAN U ဘောလုံးကွင်းကို သွားလည်တုန်းက အတွေ.အကြုံကိုတောင် သတိရမိပါသေးတယ်။
လေ့ကျင့်တာ Training ပြီးတော့ အချိန်က ည ၁၀နာရီကျော်ပြီမို. ဟိုတယ်ပြန် စားကြ သောက်ကြပါတယ်။ အီတလီအစာကတော့ Pasta နဲ. အသားတွေ အစုံအလင် မြောက်များစွာ 4 meals course ကျွေးပါတယ်။ အဆီတွေ အလွန်များလွန်းတော့ ကျမရဲ့ ဘောလုံးသမားတွေ အတွက်တောင် စိတ်ပူရပါတယ်။

နေ.လည်ခင်းမှာ အားကစားသမားတွေရဲ့ ကျန်းမာရေး၊ အရင် ဒါဏ်ရာတွေ အမြန်စစ်ဆေးစမ်းသပ်၊ taping ၊Soft tissue treatment ဆိုတာတွေ အမြန် လုပ်ဆောင်ပြီးတော့ ကစားရမယ့် အချိန်ကို ရောက်လာပါတယ်။ ဘောလုံးကွင်းကို သွားမယ်ဆိုတော့ ရဲကားနဲ. Emergency Blue Light နဲ. ခေါ်သွားခံရတာပါ။ အင်္ဂလန်မှာ Blue Light နဲ. သွားတဲ့ မော်တော်ကားဆိုတာ Police, ambulance တွေ အရေးပေါ်အတွက်ပဲ သုံးတာပါ။

ဘောလုံးက လုံးတယ်ဆိုတဲ့ အတိုင်း၊ ကျမတို.အသင်းက အရမ်းဖိကစားပြီး ပိုတော်ပြီး တချက်ချက် ကျွန်ထွက်လာတဲ့ ဘောလုံးနဲ. နောက်ဆုံးတော့ ကျမတို.ရှုံးပါတယ်။ အပြန်ခရီးကတော့ အရှုံးနဲ. တိတ်ဆိတ်နေမယ် ကျမထင်ခဲ့တာ လုံးဝကို မှားပြန်ပါတယ်။ တသင်းလုံး အတင်းတောင်းဆိုမှုနဲ. ကျမတောင် အာပြဲကြီးနဲ. သံစဉ်မမိပဲ သူတို.အတွက် Ronan Keating's "When you say nothing at all" သီချင်းကို တဝါးဝါး တဟားဟားနဲ. ဟဲပေးခဲ့ရပါသေးတယ်။ သြ အားကစား စိတ်ဓါတ်ဆိုတာ ဒါပဲ ထင်ပါရဲ။
