Menu bar

12 September 2012

Facebook

ဖေ့ဘွတ်လိုမျိုး အင်တာနက်မှာ Social websites တွေ ပေါ်လာတာ ကျမ အနေနဲ.တော့ အရမ်း အသုံးတဲ့တဲ့ တိုးတက်မှု တခုအနေနဲ. မြင်မိပါတယ်။ ကျမ အင်္ဂလန်ရောက်စကဆို ဒီလို Social networks တခုမှ မရှိခဲ့ပါ။ မြန်မာပြည်မှာ အင်တာနက်တောင် သိပ်မသုံးကြတော့ မိသားစုက လွဲလို. ရှိသမျှ သူငယ်ချင်းများ အားလုံးနဲ. အဆက်အသွယ် ပျက်ခဲ့တာပါဘဲ။ လွမ်းရင် ဖြေစရာ၊ ပျင်းရင် အတင်းတုတ်စရာရယ်တော့ ဘယ်ရှိခဲ့ပါ့မလဲ။ 
နောက် Friendsters လိုမျိုး ပေါ်လာတော့ အမေရိကက သူငယ်ချင်းတချို.၊ အငယ်တန်းက သိကျွမ်းတဲ့ သူတချို.နဲ. ပြန်အဆက်အသွယ်ရလာတာကိုလဲ မှတ်မိပါသေးတယ်။

ကဲ အခုတော့ Facebook က အရမ်းကို ပေါ်ပြူလာ ဖြစ်လွန်းတော့ အတန်းထဲက (IM2 96 batch) အတန်းသား ၁၅၀ကျော်ရှိတာကနေ အခုဆို ၅၀ကျော်လောက်ရှိမယ် Facebook မှာ ပြန်တွေ.ရတာ။ အားရစရာကြီးပါ။ ဓါတ်ပုံတွေ လျှောက်ကြည့်၊ ဘယ်သူတွေ ဘာကောင်ကြီးတွေ ဖြစ်ပေါ့ (အဟိ)၊ ကလေး ဘယ်နှစ်ယောက်တောင်ရပေါ့ ဆိုတာမျိုးတွေကအစ အားရင်အားတိုင်း ဝင် စပ်စုရတာလေ။

အဲ ဓါတ်ပုံတွေ Status updates တွေ တွေ.နေရတော့လဲ စိတ်ကြိုက် ကွန်မန်.တွေ ဝင်ဝင်ပေးပြီး သူငယ်ချင်းတွေနဲ. အဆက်အသွယ် မပျက်နေရတာလေ။ သူများတွေ အောင်မြင်တာတွေ.တော့လဲ စိတ်ပါပါ မပါပါ Congratulations တွေဝင်လုပ် (အဟမ်း)။ မွေးနေ.ဆိုပြန်တော့လဲ့ ရက်တွေက တကယ့် အမှန်လား၊ မမှန်လားတော့ မသိ Happy Birthday ဝင်လုပ်၊ ဓါတ်ပုံ အသစ်တွေ pose အမျိုးမျိုးနဲ. တင်ထားတဲ့ သူငယ်ချင်းတွေ အတွက်လဲ ချောချော မချောချော ဝင်မြှောက်လိုက် ဝင် "Like" လိုက်နဲ.ပေါ့နော ..။

အဲ ဒီမှာ Like ဆိုတဲ့ Button လေးအကြောင်းလဲ ပြောရဦးမယ်။ တခါတလေကျတော့ ဘယ်လို ကွန်မန်.ပေးရမှန်း မသိလိုက်တော့ Like ဆိုတဲ့ ဟာလေးကိုဘဲ သိပ်စဉ်းစားစရာမလို နှိပ်လိုက်တာပေါ့နော့။ ဥပမာ တယောက်က ဟင်းတွေ အများကြီး ချက်ပြထားတော့ Like ... ရုပ်ရှင်သွားကြည့်ဦးမယ် ပြောတဲ့သူကိုလဲ  Like .... ဓါတ်ပုံလှလှလေးတွေ တွေ.တော့လဲ Like ... အဲလိုမျိုး အဆင်ပြေတာ။

ဒါပေမယ့် Like လုပ်တာ လွန်သွားတာမျိုးတွေလဲ ရှိတတ်ပါတယ်။ ဥပမာ တလောက ကျမ facebook မှာရေးမိတာ “အဖျားတွေ တက်နေတယ်၊ နေမကောင်းဘူး” ဆိုတော့ သူငယ်ချင်း တချို.က ဝင် Like လုပ်ထားတော့ ကျမမှာ “အမ် ငါနေမကောင်းတာ ပွင့်ပွင့်လင်းလင်းကို ဝမ်းသာပြတဲ့ သူတွေလဲ ရှိပါလား” လို.တောင် ထင်မိပါသေးတယ်။

ကျမတင် မဟုတ်ပါဘူး၊ တခြားသူတွေရဲ့ Status တွေမှာလဲ မကြာခဏ အဲလို Like လုပ်ထားတွေ တွေ.မိပါတယ်။ ဥပမာ

- နေမကောင်းဘူး၊ ဆေးရုံတက်နေရတယ် .... Like
- ရည်းစားနဲ. ပျက်သွားပြီ။ အသဲကွဲနေတယ် ..... Like
- ကိုဘယ်သူ ဒီနေ.ပဲ ဆုံးသွားပြီ ..... Like
- စိတ်ညစ်တယ်၊ ဘာလုပ်လုပ် အဆင် မပြေဘူး  .... Like
- ခေါင်းကိုက်လိုက်တာနော်  .... Like
- အလုပ်ပြုတ်လာတယ် ..... Like


ပြောစရာတွေကတော့ အများကြီးပါဘဲ။ ကျမမှာ တခါတလေ ရယ်ရ အခက် ငိုရ အခက်။ တခါတလေ တချို.တွေများ ဘာမှတောင် မဖတ်ကြည့်ပဲ Like လုပ်လိုက်သလားလို.လဲ စဉ်းစားမိပါတယ်။ ဒါမှမဟုတ် အင်္ဂလိပ်စာကို သိပ်မနားလည်လို.လား ဆိုပြီးတော့လဲ သူငယ်ချင်းတယောက်က ပြောဖူးပါသေးတယ်။

အဲတချို.တော့လဲ့ ဒီ facebook နဲ. ပြဿနာတက်တာ။ အသိတယောက် နေမကောင်းဘူး ဆိုပြီး အလုပ်မသွားပဲ၊ ပါတီမှာ ပျော်မြူးနေတဲ့ ဓါတ်ပုံတွေ facebook ပေါ်ရောက်သွားတော့ အလုပ်ပြုတ်တာမျိုးပေါ့။ 

ဘာပဲဖြစ်ဖြစ် ကျမ အနေနဲ.တော့ Facebook လိုမျိုး twitter လိုမျိုး social network တွေ ရှိတာ ကမ္ဘာရွာကြီး အတွက် အလွန် အသုံးတဲ့တဲ့ တိုးတက်မှုလို.ပဲ ထင်မိပါတယ်


မှတ်စု။ ။ ရေးချင်တာတွေကတော့ အများကြီးပါ။ အချိန်က ဘယ်လိုမှ မရနိုင်တော့ အခုတလော post တခု ရေးဖြစ်ဖို.ကို အတော့်ကို ကြိုးစားနေရပါတယ်။ သူများတွေ တနေ. blog post တခုရေးနိုင်တာ အရမ်းကို အားကျမိပါတယ်။