Menu bar

13 September 2012

ဂျူဒိုဆရာဝန်ရဲ. တစ်ရက် ဟာသများ

ကျမ ဘလော့ဂ်ကို အရင်ဖတ်မိသူများ ကျမ အားကစာပွဲတွေမှာ ဆရာဝန်လုပ်နေကြောင်း သတိပြုမိကြမယ်ထင်ပါတယ်။ အခု ပါရာ-အိုလန်ပစ်မှာတော့ ကျမက ဂျူဒိုအားကစားပွဲရဲ့ ဆရာဝန် ဆေးအဖွဲ.ရဲ့ ခေါင်းဆောင် အနေနဲ. တာဝန် အပေးခံရပါတယ်။ ဂျူဒိုဆိုတာ တယောက်နဲ.တယောက် ဆော်ကြ တီးကြတာဆိုတာက လွဲလို. ကျမမှာ ဒီအားကစားနည်းအကြောင်း ဘာမှ မသိခဲ့ပါဘူး။ ကျမကို ဒီအားကစားပွဲမှာ အလုပ်လုပ်ရမယ် ဆိုတာ ကြားကတဲက စိတ်ကတော့ ခပ်ပူပူ။ အထူးသဖြင့် ခေါင်းဆောင်လုပ်ရမှာ၊ ကျမကဘာမှ သိပ်မသိ။ ထိခိုက်ဒါဏ်ရာတွေလဲ များမှာဘဲပေါ့။   

ဒီလိုနဲ. ကျမရဲ့ ပထမဆုံး အလုပ်စတဲ့နေ.ကို ရောက်လာပါတယ်။ ရင်တွေကတော့ ခပ်ခုန်ခုန်ပေါ့။  အလုပ်ထဲရောက်ပြီးတော့် ကျမနောက်မှာ အသက် ၆၀နီးနီးလောက်ရှိတဲ့ ဆရာဝန်တယောက် ထပ်ရောက်လာပါရော။ ရောက်ကတဲက ဆရာကြီးက ဝူးဝူးဝါးဝါး။ 

“ငါ့နာမည် (မောင်မောင်ပဲ ဆိုပါတော့)။ ငါ့က ဆေးရုံ အရေးပေါ်ဌာနရဲ့ အကြီးဆုံးဆရာဝန်ဘဲ။ ငါသာ ဒီမှာ အသင်းခေါင်းဆောင်လုပ်သင့်တယ်” တဲ့။ ကျမလဲ တိတ်တခိုးတော့ ဝမ်းသာသွားမိပါတယ်။ အိုကေပေါ့။ သူလုပ်ချင်ရင်လုပ်ပါစေပေါ့။ ကျမအတွက် တာဝန်ပေါ့သွားတာပေါ့နော။ အဲလိုပြောနေချိန်မှာပဲ နောက်ဆရာကြီး တယောက်ရောက်လာပြန်ပါရော။ နာမည်ကတော့ ဒိုးလုံး ဆိုပါတော့။ သူကလဲ သူ.ဆေးရုံမှာ Consultant မို.လို. အသင်းခေါင်းဆောင် လုပ်ချင်ပြန်သတဲ့။ ကျမလဲ အသာလျှောင်ပြီး ကဲ နှစ်ယောက်သား ဖိုက်ချင် ဖိုက်ကြပစေလို.ပဲ လွှတ်ထားလိုက်ပါတယ်။ တကယ့် ဂျူဒို မစမှီ သွေးပူပေါ့နော။



အဲနောက်တော့ တကယ် ကစားတဲ့ ကွင်း ၂ခုဆိုတော့ အရမ်းတော့ မဖိုက်လိုက်ရ၊ ဆရာကြီး ၂ ယောက်ကို တယောက် တကွင်းစီ ခွဲပြီး နေရာ ချပေးထားလိုက်ပါတယ်။ ပြဿနာ တခု ရှင်းမယ်မကြံသေး အားလုံးက စိတ်လှုပ်ရှားစွာ ပွဲစဖို.ရာ ပြင်ဆင်နေချိန်မှာ ဆရာကြီး မောင်မောင်က ထောင့်တနေရာကနေ ထအော်ပါရော  .. "Emergemcy, Emergency!!!" တဲ့။ ကျမတို. အားလုံးလဲ့ အလန်.လန်. အဖြတ်ဖြတ်၊ ဟဲ့ ဘယ်သူများ ဒါဏ်ရာရ ဘာများ ဖြစ်ကုန်သတုန်းပေါ့။ နောက်မှ ဆရာကြီး မောင်မောင် ဆက်ပြောလိုက်တာက “အပြင်မှာ မိုးတွေရွာနေတယ်။ ငါ့အိမ်နီးချင်းက ငါ.ခွေးလေးရဲ့ မိုးကာ အင်္ကျိကို ရှာလို.မတွေ.တော့ ခွေးကို လမ်းလျှောက်ထွက်ပေးလို.မရ ဖြစ်နေပြီ” တဲ့။ အားလုံးလဲ အဲဒီတော့မှ သြ .......... ဟင်း ဆိုပြီး သက်ပျင်း ချနိုင်ပါတော့တယ်။ 

ကျမနဲ. အတူတွဲ ထိုင်ရတာတော့လဲ ဆရာကြီး မောင်မောင်။ ဒီဆရာကြီးကပြောတော့သာ အသင်းခေါင်းဆောင်လုပ်ချင်တာ။ တကယ် အားကစားသမားတွေ ဒါဏ်ရာရပြီး ဒိုင်လူကြီးက 'medical'  ခေါ်ရင်တော့၊ သူက ကျမကိုပဲ အတင်း တွန်းတင်ပါတယ်။ အဲဒီတော့ ကျမမှာ သူက ခေါင်းဆောင်လုပ်တော့ တာဝန်ပေါ့သွားမလား အောက်မေ့ပါတယ် တကယ်တော့ ဘာမှ မထူး။ တခါတော့ အမျိုးသား အားကစားသမား တယောက် ပေါင်ခြံ ချက်ကောင်းကို အကန်ခံရပါတယ်။ အားကစားသမားက ကွတကွတနဲ.လုပ်လိုက် လူးလှိမ့်လိုက် ဆက်မကစားနိုင်တော့ ဒိုင်လူကြီးက “Medical” ဆိုပြီး ခေါ်ပြန်ပါတယ်။ အဲဒီတခါလဲ ဒီဆရာကြီး မောင်မောင်က ကျမကို အတင်း သွားသွားဆိုပြီး တွန်းပြန်ရော။ ကျမမှာ “NOOOOOO ဒါ မိန်းမ ဆရာဝန် တက်ကြည့်ရမယ့် ကိစ္စမဟုတ်ဘူး” ဆိုပြီး အတင်းပြန်တွန်းရပါတယ်။ 

ဒါနဲ. ဆရာကြီးလဲ နောက်ဆုံး သဘောတူစွာ ပွဲစဉ်မြင့်ပေါ်တက်သွားပါရော။ ကျမလဲ ဟင်းခနဲ သက်ပြင်းချမယ် ကြံပါသေးတယ်။ ဆရာကြီးက စဉ်ပေါ်အရောက် သူ.ခါးမှာ ချိတ်ထားရတဲ့ ရေဒီယိုကြီးက အုန်းခနဲ ပြုတ်ကျပါရော။ (ကျမတို. အားလုံး ရေဒီယို တယောက်တလုံး ခါးမှာ ချိတ်ထားရပါတယ်။ အဲဒါနဲ.ပဲ အချင်းချင်း ဆက်သွယ်ရတာပါ) ကျမလဲ ပုလုတ်တုတ် လန်.လန်.ဖြတ်ဖြတ်။ ကိစ္စက ဒီမှာ မပြီးသေး။ လူနာကို မကြည့်ခင် ကျမတို.အားလုံး လက်အိတ်ဝတ်ရပါတယ်။ ဆရာကြီးက အဲဒီမှာ ခါးမှာပတ်ထားတဲ့ အိတ်ကြီးထဲက လက်အိတ်ကို နှိုက်၊ ဖြစ်ချင်တော့ လက်အိပ်က small size ဆိုတော့ ဝတ်လို. မတော်။ နောက် တခုထပ်ရှာ အတင်း လက်ထိုးထဲ့။ လက်အိပ်က ပြဲသွားပြန်။ နောက်ထပ်ရှာဖို.လုပ်တော့ သူ.ခါးမှာ ချိတ်ထားတဲ့ အိတ်ကြီးပွင့်ကျပြီး ကလုမ် ဂွမ်း အားလုံး ထွက်ကျပါရော။ ပရိသတ်လဲ ဒါဏ်ရာရတဲ့ လူနာကိုမှ အားမနာနိုင်တော့ ထရယ်ပါရော။ ဒိုင်လူကြီးတွေ၊ အားကစားသမားတွေကတော ပြူးကြောင်ကြောင်မျက်လုံးလေးနဲ့ ကြည့်ပြီး၊ နောက်ဆုံး အားကစား သမားကလဲ “ငါ သက်သာသွားပါပြီ။ ဘာမှ မလိုတော့ဘူး ရပါပြီ” ဆိုပြီးပဲ ဆရာကြီးကို ပြန်လွှတ်လိုက်ရပါတော့တယ်။

အဲဒီ အချိန်ကစပြီးတော့ ဆရာကြီး မောင်မောင်ကတော့ အင်းနောက်တခေါက်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အတွေးတွေ ပြင်ဆင်ချက်တွေနဲ့ အလုပ်ရှုပ်တော့တာပါဘဲ။

တခု ကြားညှပ်ပြောရရင် ကျမတို. ပွဲမစမှီ ဘယ်လို ဒါဏ်ရာရတာ မျိုးတွေ ဖြစ်နိုင်တယ်။ ဘယ်လို၊ ဘယ်လမ်းကြောင်းကနေ ဒါဏ်ရာရတဲ့ အားကစား သမားတွေကို ခေါ်ထုတ်မယ်ဆိုတာ နေစဉ် လေ့ကျင့်ရပါတယ်။ ဆရာကြီး မောင်မောင်က စောစောက လေ့ကျင့်တုန်းကတော့ သိပ်စိတ်မဝင်စားပေမယ့် အဲဒီကိစ္စဖြစ်ပြီးထဲက အားကစား သမား ဘယ်လို ဒါဏ်ရာရရင် ဘယ်လို၊ ဒီလို ဒါဏ်ရာ ဆိုရင်ဒီလို၊ ဟိုလို ဆိုပြီး ပေါက်ပေါက်ရှာရှာ စဉ်းစားပြီးတော့ ကျမကို မရပ်မနား ပြောတော့တာပါဘဲ။ ကျမကတော့ သူနဲ. ထိုင်ရသူ ဆိုတော့ သည်းခံပေါ့ကွယ်။

သူပြောတာလေးတွေက ဥပမာ အားကစား သမား တယောက် ခေါင်းကွဲ နှဖူးကွဲ တယ်ဆိုပါတော့။ (အဖြစ် အများဆုံး ထိခိုက်ဒါဏ်ရာပါ။ ကျမတို. မကြာခဏ စဉ်ပေါ်တက်ပြီး ပတ်တီး တက်စီးပေးရတတ်ပါတယ်)။ ဆရာကြီး မောင်မောင်ပြောတာက တကယ်လို ဆရာဝန် တယောက်ထဲ စဉ်ပေါ်တက် ပတ်တီးစီးတာထက် ၂ ယောက်ဆိုတော့ ပိုကောင်းတာပေါ့။ အဲဒီတော့ ငါ နင့် အကူလိုပြီ ဆိုရင် နင့်ဖက်ကို လှဲ.လိုက်ပြီး လက်ညှိုးလေးတချောင် ထောင်ပြီး လာခဲ့ လာခဲ့လို. လှမ်းခေါ်လိုက်မယ်တဲ့။ ကျမမှာ ရယ်ရ အခက် ငိုရအခက်။ အင်း နင့် လက်ညှိုးတချောင်းထောင်နေတဲ့  ဓါတ်ပုံ သတင်းစာထဲ ပါလာချင်ရင်တော့ လုပ်ပေါ့လို. ပြောရတယ်။ 

နောက်ပြောသေးတာက ဥပမာ အားကစားသမား သယ်ထုတ်ဖို. wheelchair လိုတယ်ဆိုပါတော့တဲ့ ငါ့နင့်ကို ရေဒီယိုကနေ  “ဒေါက်တာ မောင်မောင် to  ဒေါက်တာ ခိုင်၊ ဒေါက်တာ မောင်မောင် to  ဒေါက်တာ ခိုင် ..... wheelchair သုံးဖို.လိုမယ်”  လို. ရေဒီယိုကနေ အော်မယ်တဲ့။ ကျမမှာ ပွဲကြည့်ရင်းတန်းလန်းနဲ. ခွီးကနဲ ရယ်မိပါတယ်။ ကစားတဲ့ နေရာနဲ့ ကျမတို. Medical Table နဲ.က ၃ ပေလောက်ပဲ ဝေးတာမို. ရေဒီယိုကနေ အော်စရာမလို။ တချက်ခေါင်းလေးလှဲ. လှမ်းပြောလိုက်တာနဲ. ကျမတို. အားလုံးကြားနိုင်ပါတယ်။ 

လူနာ ဒါဏ်ရာက သိပ်မပြင်းထန်ရင် လှဲ.ပြောလို.ရပေမယ့် လူနာက အခြေအနေဆိုးရင် ကျမတို တခြား အကူအညီတွေပါ လိုပြီ ဆိုရင်တော့ ပိုအသုံးတဲ့မယ့် ခြေလက်အမူအရာ Hand signal ကို သုံးရပါတယ်။ ဘယ်အားကစားမှာ မဆို ကျမတို. အချင်းချင်းနားလည်တဲ့ Signal ဆိုတာတွေရှိတတ်ပါတယ်။ ဥပမာ လက်နှစ်ဖက်လို. မိုးပေါ်ထောင်မြောက်ပြီး ကျက်ခြေခတ်ပုံ လုပ်ပြရင် အရေးပေါ်ဆိုတဲ့ သဘောပေါ့။ 

ဒီလိုနဲ. တနေ.မနက်မှာ ကျမတို. အချင်းချင်း practise လုပ်ကြတော့၊ အားကစား သမားတယောက် အပြင်းအထန် ဒါဏ်ရာရနေပြီ။ ဘယ်လို ကုရ၊ ကယ်ထုတ်ရမလဲ ဆိုတာတွေ လေ့ကျင့်ကြတာပေါ့။ ဒေါက်တာ မောင်မောင်ဦးဆောင်ရမယ့် အလှဲ.ရောက်တော့၊ အားကစား သမား ဟန်ဆောင်ထားတဲ့သူက စဉ်ပေါ်မှာလှဲနေ၊ ဒေါက်တာမောင်မောင် ခပ်တည်တည်နဲ. စဉ်ပေါ်တက်၊ quick assessment လုပ်။ အားကစားသမားအခြေအနေက အပြင်းအထန် ဒါဏ်ရာ ဆိုတော့ အရေးပေါ်ဆိုပြီး ရှိသမျှ Medical team ကိုခေါ်ရပါမယ်။ အားလုံးသဘောတူညီထားတဲ့ လက်နှစ်ဖက်နဲ. ကြက်ခြေခတ်လုပ်ပြရမယ်။ အဲဒီတော့မှ ကျမတို.အားလုံး စဉ်ပေါ်ပြေးတက်ပေါ့။ ဒီမှာ ဆရာကြီး မောင်မောင်ခင်ဗျာ ကြက်ခြေခတ် sign ကိုမေ့သွားတော့ ကျမတို.ဘက်ကို.လှဲ.ပြီး သူ.ရဲ့ လက်သီးဆုတ်ကလေး နှစ်ခုကို သူ.နှဖူးပေါ်တင်ပြလိုက်တော့ ကျမတို.အားလုံးမှာ ဝါးကနဲ ပွဲကျခဲ့ရပါတော့တယ်။

စာကြွင်း။ ။ ကျမရဲ့ တကယ့် အတွေ.အကြုံကို ရေးထားတာ ဆိုပေမယ့် နဲနဲ ချဲ.ကားရေးထားတာများလဲ ပါပါကြောင်း။ နာမည်အရင်းများ ထဲ့မရေးသင့်ပါ၍ အဆင်ပြေသလို ပြောင်းထားကြောင်းပါ