Menu bar

27 August 2012

ဘဝရဲ. အခက်အခဲတွေ

ပြေးခုန်ပြစ် ပြိုင်ပွဲတခုမှာ သူငယ်ချင်းတွေနဲ. စကားစပ်ပြောမိတော့ လတ်တလော အိုလန်ပစ်ရဲ့ တာတို ပြေးပွဲမှာ ဆုတံဆိပ်တွေ အများကြီး ယူပြန်သွားတဲ့ ဂျမေးကားနိုင်ငံ အကြောင်းပြောမိပါတယ်။ ဂျမေးကားက BOLT ကလဲ အခုလောလောဆယ်မှာ ကမ္ဘာ့ အမြန်ဆုံးလူ တယောက် မဟုတ်လား။ 

ဘာကြောင့် ဂျမေးကန်းတွေ ဒီလို အောင်မြင်ရသလဲ သုံးသပ်မယ်ဆိုရင်၊ ဂျမေးကားနိုင်ငံ ဆိုတာ အရမ်းချမ်းသာတဲ့ နိုင်ငံ မဟုတ်ပါ။ အားကစား ဘက်မှာ ပိုက်ဆံတွေ အများကြီး ထဲ့သုံးနိုင်တဲ့ နိုင်ငံ မဟုတ်ပါ။ နောက်ဆုံးပေါ် နည်းပညာ၊ သုတေသနတွေကြောင့်၊ ဆေးကုထုံးနဲ. ကျန်းမာရေး ကုထုံးတွေကြောင့် လို.လဲ ပြောလို.မရပါ။ တရုတ်နိုင်ငံလို နိုင်ငံကြီး လူဦးရေများလွန်းတဲ့ နိုင်ငံကြောင့် ဆိုတာလဲ မဟုတ်ပြန်။

အဲဒီတော့ စိတ်ဝင်စား စရာ မိုက်ကယ် ဂျွန်ဆန်ရဲ့ BBC Documentary ထဲမှာ ပြောထားတာကို သူငယ်ချင်းက ပြန်ပြောပြပါတယ်။ 

ဂျမေးကန်းတွေဆိုတာ ဟိုးအရင်က အာဖရိကကနေ ကျွန်အဖြစ်နဲ. ခေါ်လာတဲ့သူတွေတဲ့။ ခေါ်လာတုန်းက ကျွန်တွေကို သဘောင်္ကြီးတွေနဲ. အများကြီး ခရီးကြမ်းကိုဖြတ် သယ်ခေါ်လာတော့ ပျော့ညံ့တဲ့သူတွေ မကျန်းမာသူတွေက လမ်းခရီးမှာထဲက သေကုန်ရောတဲ့။ လိုရာ ခရီးရောက်တော့လဲ ဘဝခရီးကြမ်းမှာ တချို.က မရှင်သန်နိုင်ကြ။ ကျွန်ပိုင်ရှင်များကလဲ စိတ်ပိုင်း လူပိုင်း ပျော့ညံ့သူတွေကို ခိုင်းမရတာနဲ. သတ်ပြစ်တာတွေလဲ ရှိခဲ့တာပေါ့။ ကျန်းမာသူ တကယ် စိတ်ဓါတ် ခိုင်မာသူနဲ. အရှုံးမပေးတတ်သူများသာ ရှင်သန်နိုင်ပါလိမ့်မယ်။ အဲဒီလူတွေထဲကမှ သူတို. အပျော်တန်း အပြေးပြိုင်ခိုင်းတာနဲ. ရှုံးရင် သတ်ပြစ်တာတွေလဲ ရှိသတဲ့။ နောက်ဆုံး တကယ့် အကောင်းဆုံး အသန်မာဆုံး ဆိုတဲ့ သူတွေသာ ကျန်တော့ သတဲ့။ 

20 August 2012

Life as a Foreign Doctor (6)

မကြာခဏကို အီးမေးပို. မေးလာကြတဲ့ မောင်ငယ်၊ ညီမငယ် ဆရာဝန်များအတွက်၊ ဒီစာတိုလေးရေးမိတာပါ။ ဒီရက်ပိုင်း အားတဲ့ အချိန်က နဲလွန်းတော့ ဘလော့ကိုလဲ လှဲ.မကြည့်နိုင်တာ အတော်ကြာသွားပါပြီ။ 

အားလုံး ရဲ့ အတွေးမှာတော့ နိုင်ငံခြားသွားရင် ထောပြီ။ ကြီးပွားပြီ၊ အစစအရာရာ အောင်မြင်ပြီ ထင်ချင် ထင်ကြပါလိမ့်မယ်။  ကျမကိုယ်တိုင်လဲ အဲဒီလို ထင်ခဲ့မိတာပါဘဲ။ 

ဒါပေမယ့် တကယ့်လက်တွေ.က နိုင်ငံခြားရောက်ပြီ ဆိုတာနဲ. ဘဝခရီးက စကြမ်းတော့တာပါဘဲ။ အားကိုးစရာ တိုင်ပင်စရာ သိပ်မရှိ၊ တချို.ဆို စကားပြောဖော်တောင် သိပ်မရှိ။ ငွေရေးကြေးရေးအတွက်ပူရ၊ အိမ်က ဘယ်လောက်ပဲ ပို.ပါမယ်ဆိုဆို ငွေတန်ဖိုးကလဲ အတော်ကွာသကိုး။ အလုပ်အတွက်၊ စာမေးပွဲအတွက်၊ အစရှိတဲ့ အပူတွေဟာ တကယ် မဆုံးနိုင်ပါ။ ကျမတောင် တော်ရုံခရီး သိပ်မညည်းပဲ ရအောင်သွားတတ်သူ၊ အတော် အရေခွံထူသူတောင်မှ ဒီနိုင်ငံရောက်ပြီး Stress နဲ. အစာအိမ်ရောဂါ (Gastritis) ရလာပါသေးတယ်။ 

14 August 2012

တွေးမိသမျှ

ဒီနေ. အိုလန်ပစ်ပြီးတော့ ပုံမှန် ဆေးရုံ အလုပ်ပြန်စရပါတယ်။ သြဂုတ်လဆိုတော့ ဆေးရုံဆောင်ထဲမှာ ဆရာဝန် အသစ်ကလေးတွေနဲ. ပြည့်နေတာပါဘဲ။ မျက်နှာသစ် အလုပ်သင် ဆရာဝန် (Foundation doctors) လေးတွေ မြန်မာပြည်က လက်ထောက်ဆရာဝန်အဆင့် (Core trainees) လေးတွေနဲ. ကျမ ကိုယ် ကျမ မိတ်ဆက်ပြီးတော့ သူတို.ရဲ့ ပညာရေးတွေ အကြောင်း မေးမိပါတယ်။ သူတိုထဲက MRCP စာမေးပွဲ ဖြေရမယ့်သူက ၃ ယောက်ရှိတော့ တပတ်ကို ၂-ရက် သူတို. စာမေးပွဲ (MRCP PACES) အတွက် စာသင်ပေးမယ်ပေါ့၊ အလုပ်သင် ဆရာဝန်လေးတွေကိုလဲ တပတ်တရက် စာသင်ဖို. အစီအစဉ်တွေ ဆွဲပြီး ဘော့စ်နဲ.ပြောတော့ သူက ဝမ်းသာအားရ ထောက်ခံပေးပါတယ်။ ဒီမှာ အားလုံးက စာသင်တာ စာဆက်ဖက်တာ အလွန်အားပေးတော့ အားတက်သရောပေါ့။ 

သူငယ်ချင်းတယောက် Facebook မှာ မြန်မာပြည်က အလုပ်သင်ဆရာဝန်တွေဘဝမှာ အရေမရ အဖတ်မရ အလုပ်တွေပဲ အခိုင်းခံနေရလို. အားမလို အားမရ ညည်းထားတာတွေ.မိပါတယ်။ ကျမ အလုပ်သင် ဆရာဝန် ဘဝတုန်းကရော ... စာတွေ ဆက်သင်တာ၊ စိတ်ဝင်စားစရာ လူနာအကြောင်းတွေ ဆွေးနွေးကြတာ အလွန် အခွင့်အလန်း နဲပါးခဲ့ပါတယ်။ အမှန်ဝန်ခံရရင်တော့ အဲဒီတုန်းက အကြောင်းတွေ ကျမ သိပ်မမှတ်မိတော့ပါ။ ဒါကြောင့် ဒီမှာပဲ ချန်လှပ်ထားလိုက်ပါတော့မယ်။

10 August 2012

မြန်မာ့ အားကစား ကမ္ဘာလွှမ်းဖို.

ပထမ မြန်မာ အားကစား သမားတွေ အိုလန်ပစ်လာပြိုင်မယ် ဆိုတာ သိရတုန်းကတော့ ဝမ်းသာအံ့သြ မိပါတယ်။  အခု ဘာဆုမှ မရပြန်တော့ အတော် အားမလို အားမရ ဖြစ်ရပြန်ပါတယ်။ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက ဆုတံဆိပ်တွေ အများကြီးနဲ.၊ တရုတ်ဆို ရွှေဆုတံဆိပ် အများဆုံး နံပါတ် ၁မှာ၊ ကိုရီးယား ဂျပန်တို.တိုတောင် တကမ္ဘာလုံးရဲ နံပါတ် ၁၀ အတွင်းလောက် ချိတ်နေတော့ ကိုယ့်နိုင်ငံကိုယ် ပိုအားမရ ဖြစ်ရပြန်ပါရော။ ငယ်က အငတ်တိုင်းပြည်ပါလို. ပြောစမှတ်ပြုတဲ့ အီသီရိုးပီးယားတောင်မှ ရွှေ ၂ခု ကြေး ၂ခု။

ဒါပေမယ့်လဲ ပြန်စဉ်းစားကြည့်တော့ ကိုယ့်နိုင်ငံက အားကစားအတွက် ထောက်ပံ့မှုနဲ. ငွေကြေးဆိုတာတွေ သိပ်မှမရှိတာနော။ အားကစားမှာ ဘယ်လိုပဲ "talent" ရှိရှိ၊ ဖြစ်နိုင်ခြေရှိပေမယ့် သူထူချွန်ရာကို တစိုက်မှတ်မှတ် မနေမနား၊ တခြားကိစ္စတွေ မပူရပဲ လေ့ကျင့်နိုင်မယ့် အခွင့်အရေးမျိုးမှ မရှိဘဲကိုး။ သူများ နိုင်ငံတွေမှာဆို အားကစား ထူချွန်ရင် အားကစား စကောလာနဲ. ကျောင်းကောင်းကောင်းတက်၊ လခ ကောင်းကောင်းရသကိုး။ 

ဒီရက်ပိုင်း မြန်မာက သူငယ်ချင်းတယောက် ပြောပြလို. မြန်မာ အားကစား ဘောလုံးသမားတွေ ပြိုင်ပွဲမဝင်ခင် မိုရီယာမင်းအားဆေးထိုးကြတာမျိုး၊ အကိုက်အခဲ ပြောက်ဆေးမျိုးတွေ တာရှည်ဆွဲစားတာမျိုးတွေ၊ ဒီလိုမျိုး ကောင်းရာနှိုးနှိုး ထင်ရာမြင်ရာ ကုနေရတာလေးတွေလဲ ကြားမိပါတယ်။ ဒါပေမယ့် ကျမစိတ်ပူမိတာက ဆေးတွေက သေသေချာချာ မစီစစ်ရင် ဂရုမစိုက်ရင်တော့ တချို.ဆေးတွေဟာ (ဥပမာ သွင်းတဲ့ အားဆေးထဲက) တချို.ဓါတ်တွေဟာ တားမြစ်ဆေးနဲ. ညိပြီး (Doping နဲ.) အပိတ်ခံရနိုင်ပါတယ်။ 

8 August 2012

Olympics experience

ဘလော့လဲ မရေးဖြစ်တာ အတော်ကြာသွားပါပြီ။ ကိုယ့်ရဲ့ ဘလော့ကလေးကို ပြစ်ထားရတာ စိတ်တော့ မကောင်းပါဘူး။ ဒါပေမယ့် ဒီရက်ပိုင်း အချိန်က လုံးဝမရနိုင်တာနဲ.ရယ်၊ အင်တာနက် သုံးရတဲ့အချိန်နဲတာတွေရယ် ကြောင့်ပါ။ ခုတော့ နားရက်ရတော့ Facebook မှာ လျှောက် စပ်စပ်စုစုလုပ်ပြီးတော့ စာလဲ နဲနဲရေးဦးမှ တွေးမိပါတယ်။ 

အိုလန်ပစ်ကလဲ စီစဉ်ထားတဲ့ အတိုင်း အခုထိတော့ အားလုံးချောချောမွေ.မွေ.ပါဘဲ။ ခုထိတော့ ဒါဏ်ရာ ကြီးကြီးမားမား မရကြတဲ့ အတွက် တော်ပါသေးတယ်လို.ပဲ ပြောရမလိုပါ။ ကျမ အနေနဲ.တော့ အခုထိ ရွှေတံဆိတ် ဆွတ်ခူးသွားတဲ့ အားကစားတွေကို tv မှာ မြင်ရတိုင်း သူတို.နဲ. အတူ လိုက်ပြီး ဝမ်းသာ မျက်ရည်ကျရပါတယ်။ ဘယ်နှစ်ခေါက်ပဲ ကြည့်ကြည့် သူတို.ငိုရင် ကိုယ်လိုက်ငိုရတာ အခုထိပါဘဲ။ 

ကျမရဲ့ အလုပ်ကတော့ ဘောလီဘော နဲ. ကမ်းခြေ ဘောလီဘောမှာ အားကစားသမားတွေကုတဲ့ ဆေးအဖွဲ.ရဲ့ ခေါင်းဆောင် အနေနဲ. လုပ်ရပါတယ်။ အလုပ်ကတော့ တခါတလေ ခေါင်းဆောင်မှုနဲ. စီစဉ်မှုတွေမှာ ခေါင်းနဲနဲ ခြောက်ရတာပါဘဲ။