Christmas မှာ အားတုန်း အင်တာနက် လျှောက်ကြည့်ရင်း တချို. ဘလော့ဂ်တွေ Youtuber တွေကိုလဲ လျှောက်ကြည့်ဖြစ်ပါတယ်။ အရင်ပို.စ်မှာ ရေးတဲ့ အတိုင်း ကျမလဲ ဖိနပ် အသစ်ရှာနေတုန်း ဆိုတော့ တခြား မိန်းကလေးတွေ ဘယ်လို ဖိနပ်စီးကြသလဲ၊ ဘယ် Brand ကကောင်းလဲ လျှောက်ကြည့် လျှောက်ရှာမိပါတယ်။ အဲဒီမှာ တခု သတိထားမိတာက ကောင်မလေး အများစု ပြောနေကြတာ ဖိနပ်အမြင့်တွေ အချွန်တွေဘယ်လို စီရကြောင်းနဲ. အဲဒါ တနေကုန်စီးထားရရင် ဘယ်လို ခြေထောက်နာတာ သက်သာအောင်း လုပ်ရကြောင်း။ ဥပမာ Vasaline လို အဆီလေး လိမ်းထားရင် နောက်နေ. ခြေထောက်မှာ အရည်ကြည်ဖု ထွက်တာနဲကြောင်း။ ဘယ် Plaster လို ဟာမျိုး ဆောင်ထားသင့်ကြောင်း။ တချို. ဒီဖိနပ် ချွန်ချွန်မြင့်မြင့်ကြီးတွေနဲ. တနေကုန် ၁၃နာရီ ဝတ်ထားပြီး ခြေထောက်နာတာနဲအောင် ဘယ်လိုလုပ်ရကြောင်း အစရှိသဖြင့်ပါ။
ကျမ ပြန်စဉ်းစားမိပါတယ်။ ခြေထောက် အရည်ကြည်ဖု ထွက်မှ ဘယ်လို Plaster ကပ်မယ်ဆိုတာထက် အရင်ထဲက ခြေထောက် အရည်ကြည်ဖု မထွက်ပဲ ခြေထောက် သက်သာတဲ့ ဖိနပ်ကို ရွေးစီးတော့ မကောင်းပေဘူးလားလို.။ ဘာကြောင့်များ ကိုယ့်ကိုယ် ညှဉ်းစဲပြီး လှချင်ကြသလဲ မသိ။ မိန်းကလေး ဆိုတော့လဲနော်။
နောက် တချို.ကလဲ ရေးထားတယ်။ ဝမှာစိုးလို. အစားလျှော့တာ တနေ.တနေ.ကို ဘာမှ မစားပဲ အစာခံ အငတ်ခံနေရတာ။ “ငါ့ ဘဝက အမြဲတမ်းကို ဆာလောင်နေရတဲ့ ဘဝတဲ့”။ တချို.ကတော့ ဆင်းရဲလွန်းလို. ဆာလောင်တယ်။ သူတို.ကတော့ ပိုက်စံ ရှိပေမယ့် မစားနိုင် အမြဲဆာလောင်နေရတယ်။ ကိုယ့်ကိုယ် နှိပ်စက်တဲ့ နောက် ဘဝတမျိုးပေါ့နော်။
နောက်ရှိသေးတယ်။ အကျီ င်္ ကျပ်ကျပ်တွေကို ဒုက္ခခံ ဝတ်ရတာ။ ကိုယ်မှာ Piercings တွေဖောက် (ဥပမာ လျှာထဲ၊ နို.သီးထိပ်တွေမှာ၊ ဝမ်းဗိုက်မှာ အစရှိသဖြင့်) ပြီး အလှဆင်ကြတာ။ တကိုယ်လုံး ဆေးမှင်ကြောင် လျှောက်ထိုးတာတွေ။ ပိုက်စံပို တတ်နိုင်သူများကတော့ Plastic surgery တွေ၊ Botox ထိုးတာတွေ .. နည်းလမ်းပေါင်းစုံ အနာခံပြီး လှချင်ကြတာကို ပြောတာပါ။
လူ.ဘဝက တိုလွန်းလှပါတယ်။ လူ.အပြင်ပန်းလှဖို.ထက် အတွင်းစိတ်လှဖို.သာ အားလုံး ပို ကြိုးစားကြမယ်ဆိုရင် ....။ အသက်ကြီးလာလို. ထင်ပါရဲ. ဘာရယ်မဟုတ် လျှောက်တွေးမိတာလေးတွေပါ။
![](http://farm8.staticflickr.com/7102/7034268559_2f158cd182_t.jpg)