Menu bar

5 January 2014

ဟန်းဘက်အိပ်တွေ

ကျမမှာ လှဖို.ပဖို. တန်ဖိုးသိပ်ကြီးတဲ့ ကျောက်မြတ်ရတနာ ဖက်ရှင်ပစ္စည်းတွေ မရှိပေမယ့် ဟန်းဘက်အိပ်ကလေးတွေတော့ ကျမ အနည်းငယ် အရူးထတတ်ပါတယ်။ စစဝယ်တုန်းကတော့ အရမ်းခင်တဲ့ အင်္ဂလိပ်သူငယ်ချင်းမလေး တယောက် ကိုင်ထားတဲ့ ၁၀နှစ်ကျော် အိုနေပြီဖြစ်တဲ့ အိပ်ကလေးကို အားကျမိလို.ပါ။ အဲဒီ အိပ်ကလေးကို ထုတ်ကိုင်လာတိုင်း သူမကို ကြည့်ရတာ အလွန် စမတ်ကျပြီး ဖက်ရှင်ကျကျနဲ. အထက်တန်း ဆန်နေသလိုပါပဲ။ ဒါနဲ. ကျမလဲ အဲဒီလို ၁၀နှစ်ကျော်ကိုင်လို.ရတဲ့ အိပ်အကောင်းစား တခုလောက်လိုချင်လာမိပါတယ်။ ဈေးပေါတာတွေ ဝယ်ရင်တော့ ၁နှစ် ၂နှစ်ဆို အိပ်ကဟောင်းသွား ပျက်စီးသွားတာပေါ့နော်။ 

အဲဒီလိုနဲ. လွန်ခဲ့တဲ့ ၃နှစ်က အရဲစွန်.ပြီး သူငယ်ချင်းကိုင်ထားတဲ့ Mulberry bayswater အိပ်ကလေးတလုံးကို ဈေးကြီးကြီးပေးပြီး ဝယ်မိခဲ့ပါတယ်။ ယောက်ျားဆီမှာ ဓါးမြတိုက်ပြီးတော့ပေါ့။ အဲဒီအချိန်က ဝယ်တုန်းက မှတ်မှတ်ရရ အင်္ဂလန်ပေါင် ၅၅၀ Selfridges မှာ ဈေးကြီးလွန်းလို.ဆိုပြီး အရဲစွန်.ပြီး ဝယ်ရတာ။ ဝယ်ပြီးတော့လဲ ရိုရိုသေသေ တန်ဖိုးထားပြီး နေ.စဉ်လို ထုပ်ကိုင်ဖြစ် သုံးဖြစ်ခဲ့ပါတယ်။ 

တနေ.က သူငယ်ချင်းတယောက် သူ.ရည်းစား ကောင်မလေး အတွက် ကျမနဲ. အမျိုးအစားတူ အိပ်ဝယ်ပေးချင်တယ်ဆိုပြီး ကျမကို အကြံဥာဏ် တောင်းလာပါတယ်။ ကျမကိုင်ထားတာ စမတ်ကျလို.ဆိုပဲ (ခွိခွိ)။ ဒါနဲ. ကျမနဲ. အမျိုးတူအိပ်ကလေးကို အင်တာနက်မှာ ရှာကြည့်ပေးဖြစ်ပါတယ်။ အဲ့ဒီအခါမှ တွေ.လိုက်ရတာက အဲဒီအိပ်တွေက အခုဆိုရင် အသစ်ဝယ်ရင် အင်္ဂလန်ပေါင် 895 နဲ. ebay လို website မျိုးမှာ အဟောင်းပြန်ဝယ်မယ် ဆိုရင်တောင် ပေါင် ၇၀၀ ကျော်ပါတယ်။ 

ဒါနဲ. လျှောက်ကြည့်ဖြစ်တော့ အဲဒီ Mulberry အိပ်တင်မဟုတ်ဘူး။ ကျမရဲ. သိပ်မများလှတဲ့ တခြား ဈေးကြီးပေးဝယ်ထားတဲ့ အိပ်တွေဆိုရင်လဲ ဒီ ၁နှစ် ၂နှစ် အတွင်းမှာတင် ဈေးတွေက ပေါင် ၁၀၀ကျော် ၂၀၀မက အတော်တက်နေတာ တွေ.ရပါတယ်။ (ဟဲဟဲ) ကျမသာ ဒီအိပ်တွေပြန်ရောင်းရရင်တော့ အတော် မြတ်နေပြီပေါ့။ ဒါကြောင့် ဒီနိုင်ငံမှာ တချို.တွေက ပြောကြတာ၊ ပိုက်ဆံအိပ်တွေကို အရင်းအနှီး မြှုပ်နှံမှုအနေနဲ. ဝယ်သိမ်းထားကြတယ် ဆိုပြီးတော့ပါ။ 

ဒီနိုင်ငံမှာက မြန်မာပြည်မှာလို ရွှေတွေ စိန်တွေ မဝတ်ကြ မဝယ်စုတတ်ကြပါ။ ဖက်ရှင်ပစ္စည်းဆိုလို. ဖန်စီ ဒီဇိုင်း ကျောက်မြတ်ရတနာ အတုတွေပဲ ဝတ်ကြပါတယ်။ တတ်နိုင်သူများကတော့ ဈေးကြီးတဲ့ အိပ်တွေနဲ. ဖိနပ် အကောင်းစားတွေ၊ Chanel တို.လို ဈေးအလွန်ကြီးတဲ့ ဒီဇိုင်နာကထုတ်တဲ့ ကျောက်မြတ်ရတနာတွေ ဝယ်ဝတ်ကြပါတယ်။ ဥပမာ Victoria Beckham ရဲ. Iconic  အိပ်တခုဖြစ်ခဲ့ဖူးတဲ့ Hermes Birkin အိပ်တွေဆို တအိပ်ကို ပေါင်၈၀၀၀ အနဲဆုံး တန်ပါတယ်။ Chanel classic flap ဆိုရင်လဲ အသေးဆုံးအိပ်က အခုဆို ပေါင် ၂၆၁၀ ရှိပြီး အကြီးဆုံးက £3315 ပါ။  ဒီ အိပ်တွေက ဘယ်တော့မှ Sales မချတဲ့ အပြင် နှစ်စဉ်တိုင်းလဲ ပေါင် ၁၀၀ သို. ၂၀၀ တက်နေတော့ လူတိုင်းကလဲ တတ်နိုင်ရင် ဝယ်ထားလိုက်မယ် ဆိုတာတွေခြည်းပါ။ ဈေးကြီးကြသလို အလွန်လဲ အကြမ်းခံကြပါတယ်။ ဥပမာ LV (Louis Vuitton) ရဲ. Canvas အသား၊ Gucci နဲ. Coach က ပိတ်သားလို၊ Prada က Saffiano leather ဆိုတာတွေဟာ ဖျက်စီးလို.တောင်မရအောင် အကြမ်းခံကြတယ်လို. အများ အဆိုပြုကြပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အချက်တခုက အဲဒီလိုဈေးကြီးလွန်းတဲ့ ဒီဇိုင်နာပစ္စည်းတွေက အတုတွေကလဲ အတော်ကို ထွက်တတ်ပါတယ်။ မသိရင် အစစ်ကိုင်ထားလားမသိ အတုတွေလားမသိပေါ့။ 

တချို. အင်တာနက် ဝက်ဆိုဒ်တွေမှာလဲ ပစ္စည်းအဟောင်းတွေ ပြန်ရောင်းတဲ့ သူတွေ၊ အဟောင်းပေမယ့် အစစ်ဖြစ်ကြောင်း Authentication လုပ်ပေးတဲ့သူတွေ မြောက်များစွာ စီးပွားဖြစ် လုပ်နေတာတွေကို တွေ.ရပါလိမ့်မယ်။ 

တနိုင်ငံနဲ. တနိုင်ငံ တန်ဖိုးထားကြတဲ့ အပေါ်ယံ အဆောင်အယောင် ပကာသန ပစ္စည်းတွေနဲ. အကြောင်းအရာတွေ မတူကြောင်းတွေးမိတာလေးရယ်ပါ။ 

ကျမကတော့ မတတ်နိုင်မှနေ သူများဝတ်ပြီးသား အဟောင်းတော့လဲ မကိုင်ချင်၊ ကိုယ်မတတ်နိုင်တာနဲ. အတုနဲ.လဲ ရှိုးပြဖို. စိတ်လုံမှာ မဟုတ်လို. လိုချင်တာလေးတွေ လိုချင်ကြောင်း တရာလေးပဲ မှတ်ပြီး သွားရည်ဆက်ကျ လိုက်ပါဦးမယ်လို. ....။