Menu bar

14 February 2013

အားကစား ဖိနပ်လေးများ

ခြေလက်မသန်သူတွေ အတွက်လုပ်တဲ့ အားကစား (Paraolympics) ရဲ့ ပြေးခုန်ပြစ် ပြိုင်ပွဲတခုမှာ အိန္ဒိယက အားကစား သမား တယောက် ဖိနပ်မပါပဲ အမြင့်ခုန်တာကို ဒီနိုင်ငံမှ လူများစွာက “သနားပါတယ်” လို ပြောကြတာ ကျမ ကြားမိပါတယ်။ ကျမအတွက်တော့ ဖိနပ်မပါဘဲ အားကစားလုပ်တာ အထူးအဆန်းမဟုတ်လှ။ ဒီအနောက်နိုင်ငံမှာတော့ အားကစား အမျိုးမျိုး အတွက် ဖိနပ်အမျိုးအစားပေါင်း မြောက်များစွာ ရှိပါတယ်။ ဥပမာ ဘောလုံး၊ တာတိုပြေးတာ အစရှိသဖြင့်ပေါ့။ အဲဒီတော့ ကျမအနေနဲ.  နဲနဲ စူးစမ်းချင်တဲ့ စိတ်ကလေး ပေါ်လာပါတယ်။ ဖိနပ် အမျိုးပေါင်း ဘယ်လောက်များ ရှိမလဲပေါ့။ 

ဘောလုံးက စပြောမယ်ဆိုရင် ဘောလုံးကန်တယ်ဆိုတာ မျက်ခင်းပြင်ပေါ် (Turf) မှာ ပြေးမယ်၊ ခုန်မယ်၊ ကန်မယ်၊ အမြန် ခန္တာကိုယ် အနေအထား ဦတည်ရာတွေ ပြောင်းရတာတွေ ရှိမယ်။ အဲဒီတော့ မျက်ခင်း (Turf) ပေါ်မှာ ချော်မလဲဘဲ ကုတ်ဆွဲထားပြီး ပြေးလွှားနိုင်မယ့် cleat Or Studs လို. ခေါ်တဲ့ အတက်ကလေးတွေ ဘောလုံး ဖိနပ်အောက်မှာ ရှိရပါတယ်။ သူတိုမရှိရင် မျက်ခင်းပြင်မှာ ချော်လဲနိုင်ပါတယ်။ ဒီထောက်တံ Stud တွေရဲ့ အရေအသွေးအပေါ် မတည်ပြီး ပျမ်းမျှ ဘောလုံး ဖိနပ်တရံရဲ့ တန်ဖိုးဟာ အင်္ဂလန်ပေါင် ၂၀၀ - ၃၀၀ ရှိတတ်ပါတယ်။ ပွဲမစခင်မှလဲ ဘောလုံးသမားတွေ ကွင်းထဲ မဝင်ခင် ဒိုင်လူကြီးဟာ အဝတ်လဲခန်း အပြင်ကနေ ဘောလုံးသမား တယောက်စီရဲ ဘိနပ်တွေ လာစစ်တာ လုပ်ရပါတယ်။ အမေရိကန်ဘောလုံး (Rugby) လဲ Studs ပါတဲ့ ဖိနပ်တွေနဲ.ပဲကစားတာပါ။


တာတို အပြေးသမားတွေ အတွက်တော့ Spikes လို. ခေါ်တဲ့ ဖိနပ်တွေ ရှိပါတယ်။ စဉ်းစား ကြည့်မယ်ဆိုရင် တာတို အပြေးသမားဆိုတာ သူတို.ပြေးရင် အားကုန် အတတ်နိုင်ဆုံး အမြန်းဆုံး ပြေးကြရပါတယ်။ အဲဒီတော့ သူတို. ခြေထောက်တွေက မြေပေါ် (ပြေးလမ်းမပေါ်) ထိတာ နဲပါတယ်။ သူတို.ရဲ. ရှေ.ခြေချောင်းလေးတွေသာ မြေပေါ်ထိ၊ ပြန်ကန်ထုတ်ပြီး ပြေးရတာ မဟုတ်ပါလား။ အဲဒီတော့ ခြေဖျားပိုင်းမှာ အချွန်လေးတွေနဲ. ပြေးလမ်းမပေါ် မချော်ပဲ ကန်ထုတ်ပြီး ပြေးနိုင်အောင် ပြုလုပ်ထားတာပါ။




အဲဒီတော့ တာရှည် မာရသွန်လို မျိုး အပြေး သမားဆိုရင်ကော။ သူတိုကတော့ နာရီပေါင်း များစွာ လမ်းပေါ်မှာ ပြေးကြသူတွေဆိုတော့ သူတို.ရဲ့ ဖိနပ်တွေဟာ ပေါ့ပေါ့ပါးပါးရှိဖို. အလွန် အရေးကြီးပါတယ်။ ခြေထောက်တဖက် မြေပေါ်ချလိုက်တိုင်း ခြေဖနောင့်နဲ. မြေကြီး ထိတဲ့ အရှိန် “Impact” ကို ခံနိုင်အောင်လဲ သူတို. ဖိနပ်တွေဟာ ဖိနောက်မှာ ကူရှင်တွေ Gel တွေနဲ. အတော်ထူထူ ခံထားတာကို တွေ.ရပါလိမ့်မယ်။ ခြေဖနောင့် မြေပေါ်ကျအပြီးမှာ အများစုဟာ ခြေဖျားနဲ. တွန်းကန်ထုတ်ရပါတယ်။ အဲဒီတော့ ဖိနပ်ရဲ့ ရှေ.ဖျားမှာ ပျော့ပြောင်းပြီး ကွေးနိုင်အောင် လုပ်ထားတာ တွေ.ရပါလိမ့်မယ်။ ခြေထောက် အနေအထားပေါ် မူတည်ပြီးတော့လဲ ခြေထောက်ဟာ အတွင်းကို ခွင်သူလား၊ ပုံမှန် တဲ့သူလား၊ အပြင်ကို ခွင်သူလား အစရှိသဖြင့် ဖိနပ် မျိုးစုံ ရှိပြန်ပါတယ်။ 

ကဲ အဆောက်အဦးထဲ Indoor ကစားတဲ့ ကစားနည်းများကကော ..။ ဥပမာ Basket Ball ဆိုပါတော့။ အားကစားကွင်း "court" က အတော် ချောတဲ့ ကျမ်းပျဉ်လို ဟာမျိုးပါ။ ဒီအပေါ်မှာ လှည့်ပတ် ပြေးလွှားခုန်ပျံ ကစားတဲ့ အခါ ချော်မလဲအောင် အောက်ခံ Grip ကောင်းတဲ့ ဖိနပ်မျိုးစီးဖို. အလွန် အရေးကြီးပါတယ်။ ခြေကျင်းဝတ်မှနေပြီး ဟိုလှဲ. ဒီပြောင်းလုပ်ရတာမို.လဲ ခြေကျင်းဝတ်ထိ မြင့်တဲ့ ဖိနပ်တွေနဲ. အထောက်အပံရအောင် စီးတတ်ကြပါတယ်။ 

အဲဒီလိုမျိုးပဲ ဘော်လီဘော၊ Netball, Handball ဆိုတဲ့ ကစားနည်းတွေမှာလဲ သင့်တော်ရာ အိမ်တွင်း (indoor)စီး အားကစား ဖိနပ်တွေကို စီးကြရပါတယ်။ 

အဲ နောက်ချန်လှပ်ထားလို. မရတဲ့ အားကစားမျိုးတွေ ဖြစ်တဲ့ Tennis တို. Golf တို.မှာလဲ သူတို. အတွက်ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဖိနပ် အမျိုး အစားတွေ ရှိသလို၊ တောင်တက်ဖိနပ်၊ လမ်းလျှောက်ဖိနပ်၊ နှင်းစီးဖိနပ်ဆိုတာတွေကလဲ စုံနေအောင်ကို ရှိပါတယ်။ 

အားလုံးပဲ ကိုယ်လိုရာကို သက်တောင့်သက်သာ သယ်ဆောင်ပေးသွားနိုင်မယ့် ဖိနပ်ကလေးတွေကို ပိုင်ဆိုင်ကြပါစေ။