Menu bar

4 June 2013

Population explosion

အရင် တပတ်က ဆွီဒင်သွားတော့ အားနေတဲ့ အချိန်တွေမှာ Dan Brown ရဲ. Inferno ဝတ္ထုကိုဖတ်ဖြစ်ပါတယ်။ သူ.ရဲ. ရေးနေကျ စတိုင်အတိုင်း Theme တခုခုကို အခြေခံ စာရေးတတ်တာ ဒီတခါမှာတော့ ကမ္ဘာကြီးမှာ လူဦးရေ တအားထူထပ်လာတဲ့ Population Growth အကြောင်းကို အခြေခံရေးထားပါတယ်။ 

စာအုပ်ဖတ်ပြီး အတွေး တချို.ဝင်လာပါတယ်။ ပုံပြထားတဲ့ Graph နဲ. တွက်ချက်ကြည့်လိုက်မယ် ဆိုရင်၊ အခုအတိုင်းသာ ဆက်သွားမယ် ဆိုရင်ပေါ့ နှစ် ၁၀၀ အတွင်းမှာပဲ Population Explosion နဲ. လူသားဆိုတဲ့ အမျိုးအနွယ် ပျောက်ကွယ်သွားနိုင်တယ်တဲ့။ စာရေးဆရာ ဥပမာပေးထားတာက ရေကန်ထဲမှာ ပေါက်နေတဲ့ ရေညှိပင်လေးတွေ၊ တအား ပွားပြီး တအား များလာတယ် ဆိုပါတော့။ ရေကန်ကသေးသေးနဲ. အားလုံး ရေညှိတွေ ပြည့်ကျပ်သွားတော့ သူတို.အတွက် လိုအပ်တဲ့ အောက်စီဂျင် အစာ အဟာရတွေ မလုံလောက်တော့ အပင်တွေ အကုန်သေကုန်ရောတဲ့။ 

လူတွေလဲ အတူတူ ဆက်သာ ပွားများနေမယ် လူဦးရေတွေ ပိုထူထပ်လာမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ရှိတဲ့ မြေကြီးနဲ. နေဖို. မလုံလောက်နိုင်တော့၊ ထွက်တဲ့ အသီးအနှံ အာဟာရတွေက လူတွေအားလုံး အတွက် မလုံလောက်နိုင်တော့ ဖြစ်လာမယ်ဆိုရင် .... ဆက် မတွေးရဲ စရာကြီးပါ။


ဒီရက်ပိုင်း မကြာခဏ ဘာသာရေး အတိုက်အခံ အငြင်းပွားမှုတွေ ကြားနေရတော့ ဆက်စပ်တွေးမိတာက ....  တို. ဗုဒ္ဓဘုရားက မိသားစု ကလေးယူတာ သန္ဓေတားတာတွေ အကြောင်းနဲ. ပက်သက်လို ကျမသိရ သလောက် ဘာမှာ တားမြစ်တာ အားပေးတာ ဟောကြားခဲ့တာ မရှိခဲ့ပါဘူး။ ခရစ်ယာန်ကတော့ သန္ဓေတားတာ လုံးဝ မလုပ်ဖို. တားမြစ်တယ်ဆိုပါတယ်။ အစ္စလာန်မှာတော့ Contraception နဲ. ပက်သက်လို. တားဖြစ်ခြင်းမရှိပေမယ့် သားကြောဖြတ်တာ (sterilization) ဆိုတာတော့ မလုပ်ရဘူးဆိုပါတယ်။ ကိုယ်ဝန်တားတာ လုပ်ဖို. ခွင့်ပြုပေမယ့် ကလေးကို မကျွေးနိုင်လို. တားတာမျိုးတော့ မဟုတ်ရဘူး။ ကလေးယူပြီး မကျွေးနိုင်ရင် ထောက်ပံတာရတယ် ဆိုတာမျိုးတွေလဲ ဖတ်မိပါတယ်။ ဒါတွေအားလုံး အင်တာနက်က ဖတ်မိသမျှရေးတာမို. မှန်တာလဲ ရှိ မမှန်တာလဲ ရှိကောင်း ရှိမှာပါ။ 

ဒါပေမယ့် ကိုယ်တွေ. အတွေ.အကြုံ (personal experience)ကို ပြောရရင်တော့  ဆေးရုံလာပြလိုက်တဲ့ လူနာတွေထဲမှာ အင်္ဂလိပ်ဆိုရင် မိသားစုမှာ ကလေး ၁ယောက် ၂ယောက်ထက် ပိုတာ တွေ.ရခဲပေမယ့် အိန္ဒိယ ပါကစ္စတန်က ခေါင်းမှီးခြုံ အစ္စလာန် ဘာသာဝင် အများစုဆိုရင်တော့ မရှိဘူးဆို ကလေး ၅/၆ယောက်။ တချို.ဆို ကလေး ၁၁ ယောက် ၁၂ ယောက်ဆိုတာတွေ တွေ.ရတာ များပါတယ်။ 

ဒီတော့ ကျမရဲ. အတွေ.အကြုံနဲနဲလေးနဲ. ဦးဏှောက်ဥာဏ် မမှီတဲ့ ကလေးတယောက်လို တွေးကြည့်မယ်ဆိုရင် နောင် အနှစ် ၅၀လောက်ဆိုရင် Population Explosion ဆိုတဲ့ Graph နဲ. အတူတူ အစ္စလာန်ဘာသာဝင်တွေရဲ. ဦးရေဟာလဲ သွားတူညီနေမလား တွေးမိပါတော့တယ်။