Menu bar

6 June 2013

ဘရာဇီးနဲ. မြန်မာ

မေမေ့ဆီ ဖုန်းခေါ်တော့ ဖေဖေတို. ရုံးမှာ မြန်မာရောက်နေတဲ့ နိုင်ငံခြားသားတယောက် ရောက်နေကြောင်း။ သူ.အမျိုးသမီးက ဘရာဇီးသူဖြစ်ပြီး မြန်မာပြည်ဟာလဲ ဘရာဇီးနဲ. အတော်တူကြောင်း ပြောသွားကြောင်း မေမေက ပြန်ပြောပြပါတယ်။ 

ဒါနဲ. ကျမ အရင်နှစ်က ဘရာဇီးကို အားကစား အလုပ်တခု.နဲ Great Britain School Game teams နဲ. လိုက်သွားတုန်းကလဲ အဲလိုပဲ တွေးခဲ့မိတာ “ဒီနိုင်ငံက ငါတို. မြန်မာပြည်ကြီးနဲ အတော် တူပါလားလို.” တွေးခဲ့ ပြောခဲ့တာ အမှတ်ရမိပါတယ်။

ညည အင်းဆက်အော်သံလေးတွေကြားရတာ။ ဒါကို အင်္ဂလန်က အပေါင်းအသင်းတွေက အဲဒါ မီးကြိုးတွေထဲ လျှပ်စီးဖြတ်စီးတဲ့ အသံဆိုပြီး ခံငြင်းလို. ကျမမှာ ရယ်ခဲ့ရသေး။ ပင့်ကူပေါတာ၊ မြွေရှိတာ၊ ခြင်ကိုက်တာတွေ အားလုံး တူမှတူ။ နှံကောင်တွေ တောက်တဲ့တွေ တွေ.လို. ဓါတ်ပုံ ပြေးရိုက်တဲ့သူတွေ ပြေးရိုက်ကြ။ ပင့်ကူအိမ်တွေပါ မချန် ဓါတ်ပုံတွေ ပြေးရိုက်၊ ဒီလောက်ကြီးတဲ့ ပင်ကူအိမ် မတွေ.ဘူးဘူးဆိုပြီး အံ့တွေသြကြ။ ထွက်ပြေးတဲ့သူတွေက ပြေးကြနဲ.ရယ်ပါ။ မှတ်မှတ်ရရ ဟိုတယ်ဧည့်ဆောင်ထဲ အားလုံး စုထိုင်နေတုန်း အသင်း မန်နေဂျာ အမျိုးသမီး ရင်ဘတ်ထဲကို ပိုးကောင်လေးတကောင် ပြုတ်ကျလို. သူမမှာ အာပြဲကြီးနဲ. အော်ပြီး ထခုန်တာ။ တော်သေးတယ် ပိုးကောင်လေးက ထွက်ကျသွားလို.။ နိုမဟုတ်ရင် ”ငါတော့ အားမနာနိုင်ဘူး၊ မထွက်လာရင် အကျိံဆွဲချွတ်တော့ မလို.တဲ့” ကဲ ...အဲလို သဲသဲပိုကြတာ အဟဲ။


ရာသီဥတုကလဲ မြန်မာမှာ အတိုင်းပဲ။ စိုထိုင်းတယ် ပူတယ်။ တခါတလေ မိုတွေ တဂျုံးဂျုံးရွာပြီး လျှပ်စီးတွေ တဂျိန်းဂျိန်းလှပ်တယ်။ မိုးကြိုးတွေလဲပြစ်။ ပါသွားတဲ့ အပေါင်းအသင်းတွေကတော့ ထူးဆန်းတဲ့ အတွေ.အကြုံဆိုပြီး မိုတွေ သဲနေတာကို ဓါတ်ပုံတွေ ပြေးရိုက်ကြ။ လျှပ်စီလက် မိုးခြိမ်းရင် အာပြဲကြီးနဲ. အော်ကြ တယောက်နဲ. တယောက် မျက်လုံးတွေ ပြူးပြီး လှမ်းကြည့် ပြေးဖက်ကြနဲ.မို. ပျော်ဖို.တမျိုးကောင်းခဲ့ပါတယ်။

ပေါက်တဲ့ အပင်တွေ၊ အသီးအနှံတွေကလဲ တူမှတူ။ တွေ.ခဲ့ရတဲ့ သရက်သီးပင်တွေဆိုတာ များမှများ။ တနေရာမှာများဆို သရက်သီးတွေ အပင်အောက် ကြွေကျနေတာ ဖွေးဖွေးလှုပ်။ ကျမက ကောက်ပြီး လက်နဲ. အခွံခွာ ကိုက်စားတော့ အားကစားသမားတွေက မျက်ပြူးကြီးနဲ. ကြည့်ပြီး အဲလိုစားလို.ရလား ဆိုပြီး တအံ့တသြနဲ.ပါ။ ကျမက စားလိုရတယ်လဲဆိုရော အားလုံး လိုက်ကောက်စားကြရော။ အားကစား နည်းပြက အလန်.တကြား အီးပန်းမယ် မစားနဲ. အော်တော့ ”Doc က စားလိုရတယ်တဲ့” ဆိုပြီး ဆက်စားကြတာ။ နောက်ပြီး ပိန္နဲပင်၊ သြဇာပင်တွေလဲ အတော်ကို ပေါပါတယ်။ အုန်းပင်တွေလဲ အများကြီး။ အုန်းပင်တက်တဲ့ စတိုင်ကိုက တို. အညာက မြန်မာတွေအတိုင်း။ ပင်လယ် ကမ်းစပ်မှာ အုန်းသီးထိပ်ဖြတ်ပြီး အုန်းရည်သောက်ဖို. ပိုက်တပ်ပေးပါတယ်။ ဒါကိုလဲ အားကစားသမားတွေက မျက်လုံးတွေ အပြူးသားနဲ. အဲဒါ အဲလို သောက်လို.ရလား Safe ဖြစ်ရဲ.လားဆိုပြီး တယောက်ပြီးတယောက်ကို လာမေးကြပါသေးတယ်။ 

အဲလိုနဲ. ကျမစိတ်ထဲတွေးမိတာက တို.ဗမာတွေလဲ ဘရာဇီးနဲ. တူပြီး ဘရာဇီး ဘောလုံးအသင်းလို အောင်မြင်ရင်ကောင်းမယ်လို.