အော်စကာ ပစ်စ်တိုးရိယပ်စ် ဆိုတဲ့ နာမည်ဟာ အားကစားတွေ အကြောင်းစိတ်ဝင်စားတဲ့ သူများ အများစု ကြားဖူးပြီးသား ဖြစ်နိုင်လောက်ပါမယ်။ ဒါမှမဟုတ် သတင်းဖတ်တဲ့ လူများ သူ.ရဲ့ လောလောလတ်လတ် မော်ဒယ်ရည်းစားကို သေနတ်နဲ. ပစ်သတ်တဲ့ သတင်းကို တွေ.မိဖတ်မိကောင်း ဖတ်မိပါလိမ့်မယ်။ သူဟာ ကျမရဲ့ အရင်က အားကစားသမားတွေ ထဲမှ ချီးကျူးအားကျခဲ့ရတဲ့ အားကစားသမား တယောက်လဲ ဖြစ်ခဲ့ပါတယ်။ ဟိုးအရင်ထဲက ကျမ အချိန်ရရင် သူ. အကြောင်းရေးဦးမယ် ဆိုပြီး အားခဲထားတာပါ။
သူဟာ တောင်အာဖရိကနိုင်ငံမှ ခြေနှစ်ဖက်လုံး ဖြတ်ထားပြီး အိုလန်ပစ်ရော၊ မသန်စွမ်းသူတွေပဲ ပြိုင်တဲ့ ပါရာအိုလန်ပစ်ရောမှာပါ ဝင်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ကိုင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အခု အမြန်ဆုံး ဆိုတဲ့ world record ကို ကိုင်ထားသူလဲ ဖြစ်ပါတယ်။ သူ.ကို သူရဲ့ ခြေတုကြောင့် လူအများ၊ သတင်းစာတွေထဲမှာ Blade Runner လို.လဲ အသိများကြပါတယ်။
သူဟာ မွေးတုန်းက ခြေနှစ်ဖက်လုံးမှာ fibula လိုခေါ်တဲ့ အရိုးမပါဘဲ မွေးလာတဲ့ သူပါ။ အသက် ၁၁လသားအရွယ်မှာ ခြေနှစ်ဘက်လုံး ဒူခေါင်းအောက်ကနေ ဖြတ်လိုက်ရပါတယ်။ ငယ်စဉ်ကထဲက ခြေထောက်မရှိပေမယ့် ဘဝကို အရှုံးမပေး ခြေတုနဲ. အားကစားပေါင်း မြောက်များစွာမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ဥပမာ အမေရိကန် ဘောလုံး (Rugby)၊ တင်းနစ်စ်၊ water polo နပန်းလုံး အစုံပါပဲ။ သူအသက် ၁၇နှစ်မှာ တာတို ပြေးတာ စလေ့ကျင့် ယှဉ်ပြိုင်ခဲပြီး၊ ၂၀၀၄ ပါရာအိုလန်ပစ်မှာ မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ကို ရခဲ့ပါတယ်။