Menu bar

12 March 2014

ဆောင့်ကြောင့်လေးထိုင်

ဆေးခန်းမှာ ကျမလူနာတွေ ဒူးနာ ခါးနာ .. နာချင်တာနာ၊ လူနာကြည့်ပြီဆိုရင် ကျမတို. သူတို.ရဲ. လှုပ်ရှားမှု (Movement patterns) ကြွက်သားတွေရဲ. အလုပ်လုပ်မှု (Muscle controls) အရိုးအဆစ်ပျော့ပြောင်းမှု (Flexibility) ဆိုတာတွေကတော့ ပုံမှန် အမြဲ Routine တခုအနေနဲ. ကြည့်ရပါတယ်။ ဒါတွေအားလုံးကို လွယ်လွယ်ကူကူ စမ်းသပ်ကြည့်လိုရတဲ့ Screening test တခုက ဆောင့်ကြောင့်ထိုင် (Squat) ခိုင်းတာပါ။ Squat လို.ပြောတာထက် Half Squat လို.ပြောရင် ပိုပြီး မှန်ပါလိမ့်မယ်။

ဘာလို.လဲဆိုတော့ ဒီနိုင်ငံမှာက လူအတော်တော် များများက ဆောင့်ကြောင့် မထိုင်နိုင်ကြပါ။ ထိုင်လို.ကို ရကို မရတာပါ။ သူတို.ရဲ ခြေကျင်းဝတ်က အရမ်းကို stiff ဖြစ်နေတာတို.၊ ခြေသလုံးကြွက်သားက တိုနေ တောင့်နေလို. ထိုင်လို.ကိုမရကြတာ။ ဒါအပြင် ဒူး ပေါင်ခြံက နာတာ Stiff ဖြစ်နေတာ အစရှိသဖြင့် မြောက်များစွာသော အကြောင်းကြောင်းကြောင့်ပဲ ဆိုပါတော့။ ဒါနဲ. အသက်ကြီးတဲ့ လူနာတွေပဲလား ဆိုတော့လဲ မဟုတ် အသက်ငယ်ငယ် အားကစားသမားတွေ အတော်များများပါ ဆောင်ကြောင့် ထိုင်မရတတ်တာ အတွေ.များပါတယ်။ 

ဒါနဲ မဟုတ်က ဟုတ်က အတွေးက ကျမ ခေါင်းထဲ ရောက်လာပါတယ်။ ကျမတို. နိုင်ငံမှာ မြန်မာလူမျိုးနဲ. အာရှလူမျိုးတို.အားလုံး ဆောင့်ကြောင့် သက်တောင့်သက်သာ ထိုင်နိုင်ကြပါတယ်။ မထိုင်နိုင်လို.လဲမရ အီးအီးပါ ရှူးရှူးပေါက် အဲလိုပဲ ဆောင်ကြောင့်ထိုင် သွားကြတာကိုး။ ကဲ ဒီဆောင့်ကြောင့် မထိုင်နိုင်သော အနောက်နိုင်ငံသားများသာ မြန်မာနိုင်ငံလို. အာရှ နိုင်ငံလိုမျိုးရောက်သွားပြီး ဘိုထိုင်အိမ်သာ မရှိတဲ့ အရပ်များရောက်သွားရင် ဘယ်လိုများ အီးအီးပါ ရှူးရှူးပေါက် လုပ်ကြမလဲဆိုတာ ...။ ပေါက်တတ်ကရ တွေးမိတာပြောပါတယ်။