Menu bar

11 April 2014

ပြောချင်လွန်းလို. ပြောပါဦးမယ်

ဒီရက်ပိုင်းတွေ.ကြုံရတဲ့ ကိစ္စတချို.နဲ. စိတ်ထဲ တွေးမိတာလေးတွေ မနေနိုင်လွန်းလို. ဒီမှာ ပြန်ပြောပါဦးမယ်။

လူတချို. တခြားနိုင်ငံမှာ လာနေကြပြီး အဲဒီနိုင်ငံက နည်းစနစ်တွေ စာမေးပွဲစနစ် အလုပ်ရဖို. လျှောက်ရတဲ့ စနစ် မတရားဘူး ဘာဘူး ပြောနေကြပါတယ်။ ဒါပေမယ့် သူတပါး နိုင်ငံမှာလာနေလို. မတရားတာ ခံရတာ ဖြေသာပါသေးတယ်။ ကိုယ့်မွေးရပ် ဇာတိမြေမှာနေရင်ကော ... တရားမျှတတဲ့ စနစ်ရှိပါသလား။ ဘယ်သူနဲ. အသိအကျွမ်းပါ၊ ဘယ်လောက် ပိုက်ဆံပေးနိုင်ပါတယ် ဆိုတာတွေကသာ ကိုယ့်ရဲ. အလုပ် postings ရာထူးတက်ရေး၊ ပညာဆက်သင်ရေး post grad တွေမှာ ပို အရေးပါ အရာရောက်တာ မဟုတ်ပါဘူးလား။ 

အခု ဒီရက်ပိုင်း ဒီနိုင်ငံတွေမှာ MRCP  MRCGP အစရှိသဖြင့် စာမေးပွဲများဖြေရင် local အင်္ဂလိပ်တွေလို လွယ်လွယ် မအောင်ကြောင်း မတရား ချပြစ်တာတွေ ခံနေရကြောင်း ပြောနေတာ ကြားနေရပါတယ်။ စာမေးပွဲတင်မဟုတ် အလုပ် အင်တာဗျူးဖြေရင် အင်္ဂလိပ်နဲ. ပြိုင်ရရင် မလွယ်ဘူး ဆိုတာတွေ မကြာခဏ ကြားရတတ်ပါတယ်။ ဒါပေမယ့် အဲဒီ မလွယ်တာတွေက ကိုယ်က ပိုက်ဆံ မပေး လာဘ်မထိုးနိုင်လို.မဟုတ်ပါ။ ဒါကို ကျတော့ ဘာကြောင့် မတွေးမိကြတယ် မသိ။

ကိုယ်က ဒီနိုင်ငံမှာ တိုင်းတပါးသား။ သူတို.ရဲ. စကား ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနဲ. ငယ်စဉ်ထဲက ရင်းနှီးပြီး ကြီးပြင်းခဲ့တာ မဟုတ်။ အဲဒီတော့ ပညာရေး လုပ်ရည်စွမ်းရည်နဲ. မဆိုင်ပေမယ့် အဲဒီ အချက်တခုထဲနဲ.တင် local တွေကြား တိုးဖို. ခက်ခဲတတ်ပါတယ်။

သူတို. local တွေဘက်ကလဲ စဉ်းစားကြည့်ပါ။ အလွန် အလုပ်ရှုပ် စိတ်ဖိစီးမှုများတဲ့ အလုပ်ထဲမှာ “ဒါတွေလုပ်ထားလိုက်ပါ” ပြောတာ စကားကို နားမလည်လိုက်လို. မလုပ်ထားရသေးတဲ့သူ။ လူနာက ကင်ဆာနဲ. သေပါမယ် ပြောပြရမှာ အင်္ဂလိပ်လိုမကျွမ်းတော့ အပြောမတည့် ရိုင်းရိုင်း ပြောသလို ဖြစ်ပြီး လူနာကို စိတ်ဖိစီးမှုတွေ စိတ်ဒုက္ခတွေ ပိုစေတဲ့သူ။ လူနာကပြောနေတာက တခြား၊ စကားနားမလည်ပဲ ကိုယ်ဘာသာ သဘောပေါက်နေတာက တခြား လူနာကို Diagnosis တွေ မှားပေးနိုင်သူ။ ဒီလိုလူမျိုးတွေကို ဘယ်သူက အလုပ်ခန်.ချင်ပါ့မလဲ။ GMC Survey ထဲမှာလဲ ဆိုထားတာ လူနာ မကျေနပ်လို. Complaints အတက်ခံရဆုံးတွေဟာ overseas doctors တွေ။  အမှုအခင်းအကြုံများတာလဲ Overseas doctors တွေလို. ဆိုပါတယ်။

ကျမလဲ အခုထိ ဝမ်းနည်းနေတဲ့ လူနာတွေဆို အင်္ဂလိပ်စကားလုံး လှလှ လေယူလေသိမ်း လှလှလေးတွေနဲ. သူတို. စိတ်ပြေအောင် မပြောတတ်ပါ။ ဒေါသ အရမ်းထွက်နေတဲ့ လူနာမျိုးတွေ တွေကိုလဲ စိတ်ပြေသွားအောင် မပြောတတ်ပါ။ ကိုယ့်ဘာသာ စကား မဟုတ်တော့ တဲ့တိုးကလွဲလို. သွယ်ဝိုက်ပြီး ပြောရမယ်ဆိုရင် မပြောတတ်ပါ။ ငယ်စဉ်ထဲက စကားမပီသူမို. အခုထိ တချို.စကားလုံးတွေ အသံ ထွက်လို.မရပါ။ အဆိုးဆုံကတော့ ကျမက Burma ကပြောရင် ဘယ်သူမှ နားမလည်တာပါပဲ။ ကိုယ်နိုင်ငံ အသံထွက်ကိုတောင် ကိုယ်ပီအောင် မထွက်နိုင်တဲ့ဘဝ။ ကိုယ့်ရဲ. အပြစ်အနာ အဆာတွေသိတော့ ကျမ သူများထက် ၂ဆပို ကျိုးစားရပါတယ်။ သူများကို အပြစ်တင်မယ့်အစား ကိုယ်က ဘယ်လို တိုးတက်အောင် လုပ်ရမလဲ ပိုတွေးပါတယ်။ ကိုယ့်လို တိုင်းတပါးသားတယောက် အတွက် အလုပ်လုပ်ခွင့် ပညာသင်ခွင့်တွေ ပေးထားတာကို ကျေးဇူးတင်တတ်အောင် တင်ပြီးနေပါတယ်။ 

အနဲဆုံးတော့ ဒီနိုင်ငံနေရတာ သူများကို ဖားစရာမလို၊ မှန်တာကိုလုပ် စိတ်ဖြောင့်ဖြောင့်ထား အလုပ်ကျိုးစားရင် ကိုယ်အောင်မြင်သင့်သလောက် အောင်မြင်မှာပါ။ အထူးသဖြင့် ကံ ဥာဏ် ဝီရိယ သုံးခု ဆုံတဲ့ အချိန်မှာပေါ့ ....။

Pages (51)123456 Next