Menu bar

29 February 2012

Just do it now!!

I use this proverb "The most important time is now" to remind myself when I am feeling a little lazy.


I remember my life at my parents house, I did not need to worry anything at all. We had food on table when we were hungry and bed was ready when it was time to sleep. I only needed to worry about my exams and studies at school and university. When I said, my life at my parents place, it was until about I was 26yr of age or in other words, until I got married.


After getting married, I migrated to the Great Britain with my husband for our career and further degrees. Then, I realised how stressful it could be to live ourselves. Not only studying anymore, but I had to cook, did the house chores and ensured all bills were paid, banks were sorted, random documents (eg; Tax form, CRB etc etc) were filled in and sent back and the list could go on endlessly. Some of them, I just left them in my "to do list" to do them when I was free.

28 February 2012

ပိုလို. ကျိုးစားရဦးမည်

ဒီနေ. အလုပ်ထဲမှာ ခဏတာလောက် စိတ်ဖိစီးမှုတွေ တက်သွားတာရတဲ. အခြေအနေနဲ. ကြုံရတာနဲ. ကိုယ်. ကိုယ်ကို ပြန်လည် သုံးသပ်မိရာ မှ ဒီအကြောင်းအရာလေး ကို ရေးဖြစ်သွားတာပါ။ ပထမတော. ဒီအကြောင်းအရာ ကို အင်္ဂလိပ်လိုပဲ ရေးမလို.ပါ။ ဒါပေမယ်. မြန်မာလို ကျိုးစား ကြည့်ချင်တဲ. စိတ်ကလေးပေါက်လာတာနဲ. ဒီလိုပဲစဖြစ်သွားပြန်ပါတယ်။ မြန်မာလိုရေးနိုင်ဖို. လက်ကွက် က မမှတ်မိတဲ့ အတွက် ကျမဘယ်လောက် ဦးဏှောက် ချောက်ခံရတယ်၊ အချိန်ယူရတယ်ဆိုတာ ပြောပြရန် စကားမရှိပါ။ ငယ်ကကြည်.ဖူးတဲ. “နှစ်မွှာ အသဲ” ရုပ်ရှင်ထဲက မမြလေး ပြောသလို “ပြောကို မပြောချင်တော. ပါဘူး” လို. တခါတရံ အော်ပြစ်ချင် စိတ်တောင် ပေါက်လာပါတယ်။

Medical notes


We all know how important documentations are in our daily lives. Especially when it comes to our medical records, it is crucial that we need to be very accurate and clear. We sometimes moan about how much we spend time on writing rather than actually seeing patients. At the same time, we all understand how important these documentations are. We are all reminded many times by senior staff and medial record keeping team that "if they are not written, it is not been done" no matter how hard you work to save a person's life. However, just like in all other languages, the way we use words and phrases, can lead to second meaning. Here is a copy from "Confessions of a GP" 


These are apparently real extracts from medical notes. So here goes;

1. She has no rigours or chills, but her husband states she was very hot in bed last night.


2. Patient has chest pain if she lies on her left side for over a year.


3. On the second day the knee was better, but on the third day, it disappeared.


4. The patient is tearful and crying constantly. She also appears to be depressed


5. The patient has been depressed since she began seeing me in 1993.

27 February 2012

Awkward moment

There was a long queue in front of me at hospital coffee shop today. Whilst patiently waiting for my turn to be served, I took my iphone out and checked my emails. Then about 80 yr old gentleman just behind me suddenly said "Oh your phone looks very nice. What is it called?". I was stunned and replied "Ermm?" Not many people here usually asked random questions to people you do not know.

Majority of my friends, old or young, consultants or cleaners, have iphone. I love my phone because it looks very pretty, slick and practical. I have many educational and work related applications installed. I can check my emails, twitter and facebook, and keep up with the latest research and academic updates 24hour round the clock. Sometimes, I do wonder how I would cope without this little thing in my daily life. 

25 February 2012

ဝေဖန်မှုများ

ဒီ ဝက်ဆိုက် ကလေးဖြစ်တည်အောင် တီထောင် ပြီဆိုတော. ပထမဆုံး မိဘနှစ်ပါး ကို သတိရစွာနဲ. သတင်းပေးပြီး ဖတ်ကြည်. ပေးဖို.ပြော ရပါတယ်။ မေမေ နဲ ဖေဖေ ဟာ ဟိုး ငယ်ငယ် လေး ကစလို. ကျွန်မတို. မောင်နှမ နှစ်ယောက်ကို အရိပ် တကြည့်ကြည့်နဲ. ကြည့်ပြီး အစစ အရာရာ ကို ဝေဖန်ပေးခဲ. ဆုံးမခဲ.တဲ.သူပါ။ ကိုယ်.ကို မကောင်းပြော ဝေဖန်ခံရတိုင်း မကောင်းတာ ဆိုတော. မိဘကို တခါမှ ပြန်မပြောခဲ. ဘူးပေမဲ. စိတ်ကောက် ခဲ.ဘူးပါတယ်။ ဒါကလဲ ခဏပါပဲ။ စိတ်ကောင် ပြေတာနဲ. အမေပြော တာအမှန်ပါလား ဆိုတာ သိပြီးပြင် ရတာပါပဲ။ တခါတလေ အကျင်. ဆိုးကို တော်တော် နဲ. မဖြောက်နိုင်ရင် အမေဆီမှ “ဆုံးမ တာ နာလွယ်တဲ. သူ။ သူများ အကြံပြုတာ လက်ခံနိုင် တဲ. သူဖြစ်ဖို. လိုတယ်ဆိုတာ” သတိပေးခံရပါတယ်။ အခု ရေခြားမြေခြား ရောက်နေချိန်မှာ ဆုံးမမဲ. သူမရှိတာကြောင့် မိဘနှစ်ပါးကို မကြာ ခဏတမ်းတရင်း အခွင်းအရေး ကြုံတိုင်း ဖေဖေရေ ကယ်ပါဦး။ ဒီစာလေး ဖတ်ပြီး ပြင်ပေးပါဦး။ မေမေရေ ဘယ်လိုထင်သလဲဟင်လို. မကြာ ခဏ လှမ်းမေးရပါတယ်။ ဒီလိုပြောရင် တချို.ကတော. ထင်မယ်၊ ဒီအရွယ်ရောက် ပြီ၊ ဆုံးဖြတ်ချက် မချနိုင်ဘူးလား ဆိုလာရင်တော့။ ဆုံးဖြတ်ချက် မချနိုင်တာတော. မဟုတ်ပါဘူး။ နေ. စဉ် လုပ်ငန်း ခွင်မှာ လူ.အသက်နဲ. ဆိုင်တဲ. ဆုံးဖြတ်ချက်တွေ နေတိုင်း ချပြီး အလုပ်လုပ် နေရတာပါ။

Personalities


Fina Diving championship

When I was covering for FINA diving championship at Olympic Aquatic centre, I had a pleasure of meeting the great Dr. Richard Budgett (CMO of LOCOG). He is very chilled and relaxed person and has ability to make people around him comfortable, yet respect him at the same time. 

While we were chatting today, I stupidly asked him what sport he does. He smiled at me and answered "Oh a bit of rowing". I replied "Awww" But later I found out he was an Olympic gold medalist in rowing, competed 4 times in Olympics during his career. Such a genuine and humble personality he has!!!

Today at diving championship, one of our friends turned up late and joined our random conversation. He then interrupted us and asked "Excuse me, if there is a person drowned, do we go into the water to rescue him?" Its 5m depth pool, and we are not jumping into water, but only lifeguards will. We had our briefing and practice on how we will rescue an injured person out of the competition area if accident happens. Life guards will get the injured person out of the pool and we will take over his care at pool site. Our friend, being late, just missed all the early morning training.

24 February 2012

ကြိုးစားမှုရဲ. ရလဒ်များ

FINA diving championship 2011

ဒီနေ. ကမ္ဗာ. ဖလား ဒိုက်ဗင်း ချမ်ပီယံ ပြိုင်ပွဲ (FINA world championship 2012) မှာ ဆရာဝန်တစ်ယောက် အနေနဲ. ဂျူတီကျပါတယ်။ ဒီလိုပဲ ရောက်ရာပေါက်ရာ အလုပ်ထဲမှာ စကားပြော ကြရင်းနဲ. ဗြိတိသျှ ရဲ.နာမည်ကျော်၊ ဗြိတိန် ကိုယ်စားပြုပြီး ဒိုက်ဗင်မှာ ဆုတွေမြောက်များစွာ ရထားတဲ့၊ သူဒိုက်ဗင် စတဲ့ အချိန်မှာ ကမ္ဗာ. အသက်ငယ်ဆုံး ရယ်လို. သတ်မှတ်ခံခဲ.ရတဲ့ တွမ်မ်ဒေလီ (Tom Daley) အကြောင်းလဲပြောမိပါတယ်။ အောင်မြင်မှု ဆုတဆိပ်တွေ မြောက်များစွာကို အသက် ငယ်ငယ်လေး နဲ. ရရှိထားတာမို.၊ ရုပ်ကလဲဖြောင်.တော. သတင်း၊ ကြော်ငြာတွေမှာ အများ ကြီးပါဖူးတာမို.၊ သူကိုဒီမှာ မသိသူ မရှိသလောက်ပါ။ ဒါပေမဲ. အခု တလောမှာ လေ.ကျင်.ရမဲ. ရက်တွေ ပျက်ကွက်ပြီး ပြိုင်ပွဲမှာ အဆင်.တွေကျလို. တအား ဝေဖန်ခံနေ ရပါတယ်။ သူ.ရဲ. နည်းပြဆရာကတော. သူ.ကို ရုရှား ရဲ. တင်းနစ်စ်မယ် တစ်ယောက်နဲ. (Anna Kournikova) နှိုင်းယှဉ်ပြီး ပြောလာပါတယ်။ ကိုယ်.ရဲ. အလုပ်ပေါ်မှာ အာရုဏ်မစိုက်ရင်၊ မကြိုးစား ရင်၊ ဒီမီဒီယာတွေ နဲ.ပဲ အချိန်ကုန်တာ များနေရင်၊ ရုရှား မလေးလို သတင်းတွေထဲမှာ တော. ကောင်မလေး လှလှလေး ဆိုပြီး ဓါတ်ပုံတွေတော. ပါလာ နိုင်ပါတယ်။ ကမ္ဗာ. ချန်ပီယံကြီး ပေါ. ဆိုတာတော. ဖြစ်မလာနိုင်တော့ ဘူးပေါ့ နော်။ ရွှေတံဆိပ် ကြီးတွေကတော့ သူ. အလိုလို ရောက်လာမှာ မှ မဟုတ်ပဲ။ 

အမှတ်တွေ ပြထားတဲ. တီဗွီ မျက်နှာပြင်း ကြီးကြည်. လိုက်ရင်တော. တရုပ်တွေ က ထိပ်ဆုံးမှာ အတော်များ ပါတယ်။ သူတို. ဒိုက်ဗင်း လုပ်တာကို ကြည်.လိုက်ရင်လဲ အခါ တစ်ထောင် တစ်သောင်း တစ်သိန်း လေ.ကျင်.ထားမှန်း သိပ်သိသာပါတယ်။ 

23 February 2012

Elder patients who made us laugh!!


ဒီနိုင်ငံ မှာ ဘိုးဘိုး ဘွားဘွား အရွယ်တွေဟာ သိပ်ကို သနားဖို.ကောင်းပါတယ်။ မိသားစု တွေ သားတွေ သမီးတွေ ဆိုတာ အနီးကပ် ဘယ်သူမှ မစောင်.ရှောက်ကြပါဘူး။ တချို. ဆိုရင် ခရစ်(စ)မတ်စ် လိုနေ.မျိုးမှာ တောင် အထီးကျန် ဖြစ်လွန်းလို. ဆေးရုံကို အတင်း ဘာမှ ဖြစ်တာ လဲမဟုတ်ပဲနဲ. လာနေတာတွေရှိပါတယ်။ ဟိုတရက်ကပဲ သားလုပ်တဲ. သူက သူရော.ရှာယား (Yorkshire) ဆိုတဲ. မြောက်ပိုင်းကို ခရီး သွားစရာ ရှိလို. သူ.အဖေကို ဆေးရုံကိုခေါ်လာပါတယ်။ ဘာရောဂါမှလဲ ရှိတာမဟုတ်။ အဲဒါမျိုးတွေက ဒီနိုင်ငံမှာ အလွန်ပေါပါတယ်။ အခု အသက်ကြီးတဲ. လူဦးရေ ကလဲတအား ကို တိုးလာတာဆိုတော.။


တချို. လဲ ဆေးရုံမှာ သူငယ်ပြန်နေ ကြတာ။ မှတ်မှတ် ရရ တခါက ဆေးရုံဆောင်ထဲကနေ အရေးပေါ် ပေဂျာ (Bleep) နဲ.ခေါ်ပါတယ်။ ဒေါက်တာဝင်း ward ထဲကိုအမြန်လာပါ။ ဒီမှာ ဖိုးဖိုးနှစ်ယောက် ဒုတ်ကောက် တိုက်ပွဲဖြစ် နေတယ် အမြန် လာဖြေရှင်ပါ ဆိုလို. ကိုယ်.မှာ ရီရ အခက် ငိုရ အခက်။

စကားပုံ အကိုးအကား

မှတ်မှတ်ရရ ငယ်ငယ်က စကားပြောရင် မပီလို. အနောက် ခံခံ. ရတာ။ စကားပုံ ကိုးကားပြီး ငြင်းချင်ရင် လဲ ဘယ်တော.မှ စကားပုံကို အစအဆုံး မမှတ်မိတာ။ တဝက်မှာ “ဟဲ. ဒါပြီးတော. ဘာဘာလိမ်.” လို. သူငယ်ချင်း ကိုမေးရင် အရမ်းကို အရီခံ ခဲ.ရတာ။ ကိုယ်ကချည်းပဲ အစခံရတာ ဆိုတော. အသေးစိတ်တော. မမှတ်မိတော.ပါဘူး။ 

ဒါပေမယ်. ခုထိ ကျွန်မ ခင်ပွန်း ကျားကျား က ကြုံတိုင်း စနောက် နေတုန်း မို. မှတ်မိတာ လေး နှစ်ခုတော. ရှိနေပါတယ်။ ဒီ အင်္ဂလန် ရောက်ခါစမှာ ကျားကျား ကို ပိုက်ဆံချွေတာဖို. စုစုဆောင်းဆောင်း နေဖို. နို.မဟုတ်ရင် “ခြေသလုံးကို တိုင် ဆောက်ပြီး နေနေရမယ်” လို. ပြောမိတော. လိုချင်တဲ. အဓိပါယ်ရောက် သူ.ခေါင်းထဲ ရောက်ဖို. နေနေ သာသာ၊ ဒင်း က အရမ်း ကို ထရယ် ပြီး ခုထိ ကြုံတိုင်း နောက်လို. မဆုံး ပါဘုး။ ပြောချင်တာက ခြေသလုံး အိမ်တိုင် ဖြစ်နေမယ်လို.ပါ။ နောက်တစ်ခုက ညားခါစမှာ သူ.ကို မိန်းမ မရှုပ်ဖို. နဲ. “ငါးရံ.နှစ်ကောင် ခွ နင်းရင်တော. လုံးဝ ခွင့်မလွှတ်ဘူး” ဆိုတာ။ ကျွန်မရဲ. လင်မယားနှစ်ယောက် ကြားမှာ သိပ်အရေကြီး တဲ. အချက်လေးဟာ ကျွန်မ ဒီ စကားပုံ မေ့တာနဲ. ဟာသ တစ်ခုဖြစ်သွား ရပြန်ပါတယ်။ ဒါပေါ.နော် ငါးရံ. နှစ်ကောင် ဘယ်လို ခွနင်း လို. ရနိုင်ပါ. မလဲ။“ လှေနံ နှစ်ဖက် နင်း” တာနဲ. “ငါးရံ. နှစ်ကောင် ဖမ်း” တာနဲ. ရော သွားလို.ပါ။

လန်ဒန် ခရီးစဉ်

ဒီနေ. လန်ဒန်ကို အလုပ်ကိစ္စနဲ. သွားရပါမယ်။ တွေးမိတော့ နောက်ဆုံး တစ်ခေါက် သွားခဲ့.စဉ်က နှင်းတွေ တအားကျနေလို. ခင်ပွန်းသည်က ကားသိပ်မမောင်း ရဲတာနဲ. မိုင် ၇၀ လမ်းမှာ မိုင် ၃၀ထက် သူ.မှာ ပိုမမောင်းခဲ့ပါဘူး။ ကျွန်မ ကလဲ အင်မတန်မှ စိတ်မြန်တတ်ပါတယ်။ ကျွန်မ  မေမေပြောသလို ဒုံးကျည်များ ဖင်မှာ တပ်ထားသလား ဆိုလောက်အောင် စိတ်မြန်တတ်သူပါ။ သူ.ကို သွားပါဦး နဲနဲ လေးမြန်လိုက်ပါဦးလို. တလမ်းလုံး တွန်းထိုးပေး ခဲ့ရပါတယ်။ တခါတလေ ငါ.ဟိုမုန်းတွေ (Thyroid)များ နဲနဲများ အိုဗာ ဖြစ်နေလား လို.မကြာခဏတော့ ပြန်စဉ်းစား မိပါတယ်။



လန်ဒန် အကြောင်းပြန်ပြော ရရင် အဲဒီမှာ အစီးအဝေး တစ်ခု အတွက် သွားခဲ့ရတာပါ။ ဒီနှစ်မှာ လန်ဒန်မှာ ကျင်းပမဲ. အိုလန်ပစ် အတွက် ဆွေးနွေးကြတာပါ။ အစီးအဝေးမှာ အရင်ပွဲတွေတုန်း က ဆုတွေရခဲ့တဲ့ အားကစားသမားကြီးတွေရဲ. အောင်မြင်မှု အပြုံးပန်းတွေကိုပြန်ပြပါတယ်။

Different patients, my Cultural shock!


ဒီအင်္ဂလန်ပြည်ကြီး စရောက်တဲ. အချိန်ကစလို. ဒို.မြန်မာ နဲ. အင်္ဂလိပ် မတူတဲ. အရာတွေ ပြောလို. မဆုံးအောင်ကြုံတွေ. ရပါတယ်။ မှတ်မှတ်ရရ ရှိတာလေးတွေကို ပြန်ပြော ရရင်ဖြင့်. ...

တနေ.မှာ ဆေးရုံမှာ အသက်ငါးဆယ်လောက် ရှိတဲ. ဝန်ထမ်း အမျိုးသမီး တစ်ယောက်က “သြ သူ.ကိုမှ ထားခဲ.ရလေချင်း” ဆိုတဲ. သဘောမျိုး အော်ပြီးငိုနေတော့ ကိုယ့်ဘာသာကိုယ် တလွဲဆွဲတွေးပြီး သြော် သူ.ယောင်္ကျား ဆုံးသွား တယ်ထင်ပါရဲ. ဆိုပြီး သူ.ပုခုံးလေး ပုတ်ပြီး အားပေးလိုက်သေး။ နောက်မှသိရတာက သူ.ခွေးလေးသေသွားတာ .. ယောင်္ကျား မဟုတ်ရပါဘူးတဲ့။

နောက်တစ်ယောက် အဲလိုပဲ မှတ်မှတ်ရရ ရှိပြန်တာကတော့ ဒီက မီးသတ်သမား တစ်ယောက် အလုပ်မှာ ဒါဏ်ရာရပြီး ချေထောက် တစ်ချောင်းဖြတ်လိုက်ရတယ်လေ။ ဒီမှာက အစိုးရကနေ သူ.ကို ထောက်ပံ့ထားလိုက့်တဲ့ ငွေတွေဟာ လစဉ် အမြောက်အများပါ။ ခြေတုလဲ တပ်ပေးထားတော့ မသိရင် ခြေထောက် တစ်ချောင်း မရှိဘူး ဆိုတာ ဘယ်လိုမှ ပြောလို. မရပါဘူး။ 

ဆေးကျောင်းသူ တယောက် ဒိုင်ယာရီ



ငယ်တုန်းက မေမေ ပြောပြတဲ့ တက္ကသိုလ် ကျောင်းသူ တယောက်ရဲ. ပျော်စရာ တွေရယ်၊ မြန်မာရုပ်ရှင်နဲ. သီချင်းတွေမှာ ကြားခဲ့ရဖူးတဲ့ အဓိပတိလမ်း၊ ဂျပ်ဆင်အိုနဲ. သစ်ပုတ်ပင်တို. ဆိုတာတွေရယ် ကို တွေးပြီး တက္ကသိုလ် ကျောင်းသူကြီး တယောက်ရဲ. ဘဝကို ကျမ စိတ်ကူးတွေ ယဉ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ့် တက္ကသိုလ် ကျောင်းသူဘဝနဲ. ဆေးကျောင်းကို ရောက်သွားတဲ့ အချိန်မှာ ဘဝနဲ. အိပ်မက်ဟာ တကယ့်ကို တခြားဆီ ဆိုတာ သိလာရ ပါတော့တယ်။


စာကျက်စရာတွေ စာမေးပွဲတွေ များလွန်းလို.၊ နေ.စဉ် စာတွေနဲ.ပဲပိပြီး အပူသည်လေး တယောက်လိုကို ဖြစ်ခဲ့ရတာပါ။ စာမေးပွဲ တခုမှ မပြီးခင် နောက်တခု အတွက်ပါ ပြင်ဆင်နေရပြီး ပူနေရပါပြီ။ နယ်က သူငယ်ချင်း တယောက်လဲ ပြောဖူးပါတယ်။ စာတွေများလွန်းလို. မမှတ်မိတော့ဘူးဆိုပြီး သူမအိမ်ကို ဖုန်းခေါ်ပြီး ငိုချင်းချ ညည်းငြူမိတော့ နယ်က မိဘတွေက စိတ်ပူပြီး သူတို.သမီးတော့ အောက်လန်းနည်းနဲ.များ အပြုစား ခံနေရပြီလား ဆိုပြီး အုန်းခိုင်တွေဆွဲ နတ်ပူဇော်ပေးဖို. ရန်ကုန်ကို ရောက်ချလာဖူး ပါသတဲ့။

အထွေထွေ ရောဂါ အလုပ်သင်ဘဝ

ဆေးကျောင်း နောက်ဆုံးနှစ် စာမေးပွဲတွေ ပြီးတော့ အလုပ်သင် ဆရာဝန် အနေနဲ. ကျမတို. အားလုံး ၁ နှစ်တိတိ ဆင်းရပါတယ်။ ပြောရရင်တော့ အဲဒီ တစ်နှစ်ဟာ အလွန် ပင်ပန်းသလို အလွန်လဲ ပျော်စရာ ကောင်းခဲ့ ပါတယ်။ စာတွေလဲ ကျက်စရာ မလိုတော့ဘဲကိုး။ 

နာမည်တွေနဲ. အစဉ်အတိုင်း ခွဲကြတော့ ကျမတို. အဖွဲ.အနေနဲ.ထွေထွေရောဂါ ဌာနမှာ စဆင်းရပါတယ်။ အလုပ် မစခင် ကတော့ ဆေးရုံဆောင် ထဲမှာ ဘာမဟုတ်တဲ့ ဆေးကျောင်းသူ ကနေ အရေးပါတဲ့ ဆရာဝန်မကြီး ဖြစ်တော့မယ် ဆိုပြီး တော်တော် ရင်ခုန်ခဲ့တာပေါ့။ တကယ် စတော့မှ ကိုယ့်အလုပ်က မနက်တိုင်း သွေးပေါင်တိုင်း၊ ဆေးလိုက်ထိုး။ ဒီလိုနဲ. တမနက်လုံး ကုန်လု ကုန်ခင်ပါပဲ။  တိုင်းရလွန်းတော့ တခါကများဆို လူနာတစ်ယောက် သွေးပေါင်ချိန်တာ ဘာမှ ကို မကြားရတော့ ပါဘူး။ လူနာ ကြည့်လိုက်တော့လဲ အကောင်းကြီးရယ်ဆိုတော့ သွေးပေါင် တိုင်းမရလောက်တဲ့ အခြေအနေလောက်တော့ မဖျား လောက်ပါဘူးပေါ့။ 

အလုပ်သင်ဘဝ မှတ်မှတ်ရရ လူနာ တဦး

ဒီလိုပဲ ရောက်တတ်ရာရာ တွေးတုန်း မြန်မာပြည်မှ အလုပ်သင်ဆရာဝန်လေးရဲ. ဘ၀ကို သတိရမိပါတယ်။ အလုပ်စစချင်း ကျမတို.အဖွဲ.က စနေ၊ တနင်္ဂနွေ ဂျူတီ နဲ. စခဲ့ရပါတယ်။ ပထမဆုံးနေ.အူကြောင်ကြောင်နဲ. ဆေးရုံဆောင် ထဲကို သွားတော့ ဘယ်ကစလို. ဘယ်လိုလုပ်ရ မှန်းမသိ။ အဒေါ်ကြီး တစ်ယောက် အမောဖောက်ပြီး ဆုံးသွားတော ကိုယ့်မှာ ခိုးပြီး ငိုခဲ့ရပါသေးတယ်။ ဆရာဝန်ဖြစ်တာ ဘယ်လောက်ပဲကြာလာပေမယ့် လူနာ တယောက်ကို ဆုံးရှုံးရတိုင်း ဖြစ်ရတဲ့ ဝမ်းနဲမှုကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။

မြန်မာပြည်မှာ ဆေးရုံကို ရောက်လာတဲ့ သူတွေက အင်မတန်မှ ဆင်းရဲကြပါတယ်။ ဆေးက ကိုယ့်ပိုက်ဆံနဲ.ကိုယ် ဝယ်ရမှာ ဆေးဖိုး လုံးဝ မတတ်နိုင်တဲ့ သူတွေက အများစုပါ။ မှတ်မှတ်ရရ လူနာ တစ်ယောက် ဆိုရင် ညဂျူတီမှာ ဝမ်းသွားပြီး ရောက်လာတာ သွေးပေါင်က လုံးဝ တိုင်းလို. မရတော့တဲ့ အခြေအနေ ရောက်နေပါပြီ။ 

နိဒန်း

အင်္ဂလန်နိုင်ငံမှာ နေတာကြာပြီ ဆိုတော. မြန်မာ Font တွေလဲ မမှတ်မိ (ပြောရရင်တော့ အရင်ထဲက သိပ်မကျွမ်းကျင်တာပါ။)  သတ်ပုံတွေလဲ မမှတ်မိ ပေမယ်. မြန်မာ ဘလော့ လေးတော. ဖွင့်လိုက်မိပါပြီ။ မြန်မာ တစ်ယောက်ကများ လာဖတ်ရင် ကြီးကျယ်လိုက်တာ မြန်မာ သတ်ပုံ မမှတ်မိရ ကောင်းလား ပြောလာရင်လဲ အပြစ်တင်တာ ခံရမှာ ပါပဲ။ ကျွန်မရဲ. ဦးဏှောက် ကလေးက သေးလွန်းတော့ နဲနဲ မသုံးတာ ကြာလာရင် အကုန်ကို မေ့ကုန် တာပါပဲ။ ဒါဒီမြန်မာလိုမှ မဟုတ်ပါဘူး။ ဆေးပညာမှာဆို အဆိုးဆုံးပေါ့ နော။ 


စာမေးခံရရင် .. “အဲခဏလောက်နေပါဦး၊ သိပါတယ် ဆရာရယ် နဲနဲလောက် စဉ်းစားပါရစေဦး” ပြောတိုင်း ဆရာက “ခိုင် ညည်းရဲ. မှတ်ထားတာတွေ က ဟိုး ဦဏှောက် ရဲ. အောက်ဆုံး အလွှာကို ရောက်နေတာလား နှိုက်မရ ဖြစ်နေပြီ” လို. အင်္ဂလိပ်လို မကြာခဏ အဆူကို ခံရတာပါ။



ကဲငယ်ငယ်လေးထဲ ကရည်ရွယ်တဲ. ကြီးလာရင်စာတွေရေးမယ် .. ဆိုတဲ. .. အိမ်မက်ကလေး ဘယ်အထိရောက်မလဲဆိုတာ ..တော့ အချိန်ကပဲ အဖြေပေးနိုင်ပါတော့မယ်။ အခက်ဆုံးဆိုတဲ့ ပထမဆုံး ခြေလှမ်းကတော့ စမိပြီမို. အဆုံးထိရောက်အောင် ကျိုးစား လျှောက်ရပါတော့မယ်။